2

525 18 4
                                    

Unicode

ဖိနပ်ချွတ်ပြီးသည်နှင့် ဒေါ်သဒ္ဒါထက်ဆီသို့ အပြေးသွားပြီး ရင်ခွင်ထဲထည့်ကာပွေ့ဖက်လိုက်သည်။ မျက်ရည်လည်ရွဲ ဖြစ်နေသည့် ဒေါ်ကဗျာမိုး အတော်စိတ်ထိခိုက်နေဟန်။

"သဒ္ဒါ... မိုး လာပြီလေ သဒ္ဒါရဲ့ ဘယ်လိုဖြစ်ပြီး ဘယ်လိုဖြစ်ပြီး အခုလို..အဟင့်"

ဒေါ်သဒ္ဒါထက်ကိုကြည့်ရင်းပင် မျက်ရည်များအလိုအလျှောက်ကျလာသည်။ဒီတစ်ခါတော့ မျက်ဝန်းအိမ်ကို တားလို့ရမည့်ပုံမပေါ်။

" မိုး.... မိုး"

"အင်း...ပြောလေ သဒ္ဒါ မိုးရှိတယ် ! သဒ္ဒါ့ဘေးမှာမိုးရှိတယ်"

'နေ...နေကောင်းရဲ့လား"

အသက်တောင်မနည်းလုရှူနေရသည့် အိပ်ရာထဲမှ ရောဂါသည်က မေးလိုက်တဲ့မေးခွန်းက နေကောင်းရဲ့လားတဲ့။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူကို နေကောင်းကျန်းမာတာဘဲ မြင်ချင်ကြတာမဟုတ်လား။

"သဒ္ဒါရယ်.... မိုးကကောင်းတာပေါ့ သဒ္ဒါ့ကိုသာ မိုးကမေးရမှာလေ "

တုန်ရီနေသော စကားသံနှင့် တစ်ချက်တစ်ချက်ရှိုက်ပင့်တက်လာသည့်အသံတို့က ဒေါ်ကဗျာမိုး ဘယ်အတိုင်းအတာထိ ဝမ်းနည်းနေတယ်ဆိုတာ ပေါ်လွင်လွန်းသည်။

"မိုး... မိုးကို... မိုးကို အကူအညီ တစ်ခုလောက်... တောင်းပါရစေ"

"ပြော.. သဒ္ဒါ.. သဒ္ဒါဘာလိုအပ်လဲ မိုးအကုန်ကူညီမယ်.. နော် သဒ္ဒါ"

"သားလေး...သားလေးကို သဒ္ဒါ့အစား... စောင့်..စောင့်ရှောက်"

ဒေါ်ကဗျာမိုး၏ လက်ကိုဆုပ်ကိုင်ထားသော လက်တစ်စုံမှာ တဖြေးဖြေး လျော့ရဲလာကာ အောက်ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲမြည်အောင်ကျသွားတော့သည်။

"မေမေ....မေမေ ထလေ.. မေမေ အီးဟီး...သားကို ထားမသွားပါနဲ့ မေမေရယ်...ထပါ... အီးးး"

"သဒ္ဒါ.. သဒ္ဒါ!! ထပါအုံး... ထပါအုံးလို့"

ခေါ်နေသမျှ အသံအားလုံး နှင့် လောက ကြီးကိုပါမကျန် ဒေါ်သဒ္ဒါထက် မျက်ကွယ်ပြုသွားလေပြီ။
နောက်ဆုံးအချိန်လေးမှာ ချစ်ရသူကို မြင်တွေ့ခဲ့ရတော့ သေချာပေါက် အသေဖြောင့်လောက်မှာပါ။

Je hebt het einde van de gepubliceerde delen bereikt.

⏰ Laatst bijgewerkt: Dec 02, 2021 ⏰

Voeg dit verhaal toe aan je bibliotheek om op de hoogte gebracht te worden van nieuwe delen!

𝗛𝘁𝗮𝗻 [ ထန် ]Waar verhalen tot leven komen. Ontdek het nu