ချာတိတ်လေးတစ်ယောက် ဆိုင်လာထိုင်တာကို သတိထားမိနေခဲ့တာအတော်ကြာပြီ။ ဘလက်ခ်ကော်ဖီကို အမြဲမှာသောက်ပြီး ခိုးကြည့်နေတဲ့မျက်လုံးတစ်စုံကိုလည်းရိပ်မိနေတာကြာပါပြီ။ ဘာကြောင့်မှန်းမသိ ချာတိတ်ကိုရင်းနှီးချင်နေမိတာလည်း ကိုယ့်ကိုယ်ကိုသတိထားမိနေတယ်။ ဒီအတိုင်းခင်မင်ခွင့်ရချင်ရုံ ကျွန်တော့်ဘက်ကစပြီးချဉ်းကပ်ခဲ့ပေမယ့် ဒါဟာကြီးမားတဲ့အမှားတစ်ခုဖြစ်လာမယ်မှန်း မသိခဲ့ရိုးအမှန်ပါ။
ဘလက်ခ်ကော်ဖီကိုသောက်ပြီး ပြုံးနေတဲ့ချာတိတ်ရယ်ပါ။
သိပ်အေးချမ်းတာပဲ။"အဆင်မပြေတာရှိရင်ပြောပါ ဧည့်သည် "
အနီးနားကိုလျှောက်သွားပြီး စကားစလိုက်တော့ ချာတိတ်ဟာ ကြောင်တောင်နဲ့ကိုယ့်ကိုလှမ်းကြည့်လာတယ်။
"အဆင် အဆင်ပြေပါတယ် အစ်ကို "
"ဗျာ"
အစ်ကို? ကြားနေကျမဟုတ်တော့ ကြောင်တောင်လေးဖြစ်သွားရုံပါ။တစ်မျိုးဖြစ်နေပေမယ့် သဘောကျမိပါတယ်။
(ဒီနေရာမှာ အစ်ကိုဆိုတဲ့စကားလုံးဟာ လွယ်လွယ်ကူကူကြားနိုင်တဲ့စကားလုံးပေမယ့် အဆာဟိဟာ foreignerတစ်ယောက်ဖြစ်တဲ့အပြင် introvert တစ်ယောက်လည်းဖြစ်တာမို့ အနည်းငယ်ထူးဆန်းနေခြင်းသာ)"ဟိုလေ ကျွန်တော့်ထက်အသက်ကြီးမယ်ထင်လို့ "
လန့်သွားတဲ့ကျွန်တော့်ပုံကိုမြင်တော့ ချာတိတ်ကခပ်မြန်မြန်ဖြေရှင်းရှာတယ်။ဒီကလေးက ဖြူစင်လိုက်တာလို့တောင်တွေးမိသေးတယ်။အမှန်တကယ်လည်း သိပ်ဖြူစင်ပါတယ်။ကျစ် ငါဘာလို့ အဲ့ချာတိတ်အကြောင်းတွေးနေရတာလဲ။စိတ်ထိန်းစမ်း အာဆာဟိ။မင်းမှာ ဂျယ် တစ်ယောက်လုံးရှိတယ်။
ဂျယ် ဟုတ်တာပေါ့။သူ့ရဲ့တစ်ဦးတည်းသော ဂျယ် ချစ်ရတဲ့ ဂျယ်။ဂျယ်အကြောင်းတွေးမိတော့ ပိုတောင်လွမ်းလို့လာတယ်။"ရပါတယ် လိုအပ်တာရှိရင်ပြောနော် ချာတိတ် "
ဂျယ်နဲ့ဖုန်းပြောဖို့အတွက် ချာတိတ်လေးကိုနှုတ်ဆက်ကာ ကျောခိုင်းခဲ့ပါတယ်။ ဂျယ် ကသာသူ့အတွက် နံပါတ်တစ် ဦးစားပေးမို့လေ။
YOU ARE READING
BLACK COFFEE IS NOT SWEET (complete)
Fanfictionကျွန်တော်ကြိုက်တဲ့ ဘလက်ခ်ကော်ဖီ။ဂျယ်မကြိုက်ဘူးဆိုတဲ့ ဘလက်ခ်ကော်ဖီ။အဲ့ဒီဘလက်ခ်ကော်ဖီကိုပဲချာတိတ်ဟာ ကြိုက်နေပြန်ရော။