BLACK COFFEE IS NOT SWEET- FINAL

361 68 24
                                    

ဂျယ်ကဆက်တိုက်ဖုန်းခေါ်နေပေမယ့် ငါကိုင်ဖို့မဝံ့မရဲဖြစ်နေတုန်းပဲ။ဒါကိုချာတိတ်က သံသယမျက်လုံးတွေနဲ့ထူးဆန်းစွာကြည့်နေတယ်။ဆက်တိုက်မြည်နေတဲ့ဖုန်းကိုလျစ်လျူရှုထားခဲ့ပေမယ့် message လေးတစ်စောင်ကိုတော့ဖတ်ဖြစ်ခဲ့ပါတယ်။

"ငါ ခဏနေဆိုင်ကိုရောက်မယ် မင်းနဲ့ရှင်းစရာတွေအများကြီးရှိတယ် ဟိခွန်"

စာမြင်မြင်ချင်းတုန်လှုပ်သွားတာ အမှန်ပင်။ဂျယ်ဟာကိုယ့်ကိုယ်ကို ငါ လို့သုံးလေ့မရှိတာကြောင့်‌ဒေါသထွက်‌နေမှန်းရိပ်မိ‌တယ်။‌သေချာပေါက် ချာတိတ်နဲ့အကြောင်း ဂျယ်သိသွားတာလွဲရင် တစ်ခြားအကြောင်းမရှိ။ထိပ်တိုက်ဖြေရှင်းဖို့ကြိုတွေးခဲ့ပေမယ့် ထိပ်တိုက်ဖြေရှင်းမယ့်အချိန်မှာ ချာတိတ်ရှိနေခဲ့ရင်ဆိုတာကို ကြိုမတွေးထားခဲ့မိ။

ချာတိတ်ကို ဘာတစ်ခုမှမကြားစေချင်တာကြောင့် ဂျယ်နဲ့
မဆုံမိဖို့ကိုသာ ကြံဖန်တွေးနေမိသည်။ဒါပေမယ့် ဘယ်လိုလုပ်မလဲ ချာတိတ်ကအနားမှာရှိနေတာလေ။ပြီးတော့ဂျယ်ကလည်းမကြာခင်ရောက်လာတော့မှာ။

ချာတိတ်ကိုဘာလို့မကြားစေချင်တာလဲ?အဖြေကရှင်းပါတယ် ကျွန်တော်ရွေးချယ်မယ့်လူက ချာတိတ်ဖြစ်နေလို့ပဲ။ဂျယ့်ကိုဘာလို့မရွေးချယ်တာလဲလို့မေးလာရင် ဂျယ်က
ကျွန်တော့်လိုလူနဲ့မတန်လို့လေ။

ရွေးချယ်စရာမရှိတော့တာကြောင့် ချာတိတ်ကို အောက်ဆင်းမလာဖို့ အထပ်ထပ်မှာရင်း ဂျယ့်အလာကိုကြိုစောင့်လို့နေခဲ့တယ်။ဂျယ်ကအချိန်တိကျတဲ့လူမျိုးပါ။သိပ်မစောင့်ခဲ့ရပါဘူး။လပေါင်းများစွာချီပြီးလွမ်းခဲ့ရတဲ့ ချစ်ရသူမျက်နှာကိုအဝေးကလှမ်းမြင်လိုက်ရတယ်။သားရေဂျာကင်ကိုဝတ်ပြီး ဈေးကြီးတယ်လို့ထင်ရတဲ့ motorcycle ကိုစီးလာတဲ့ ဂျယ်ဟာ အခုအချိန်ထိသူ့ကိုရင်ခုန်စေတုန်းပဲ။

"ဂျယ်"

ဒီတစ်ခါတော့ ဂျယ်ဟာပြန်မဖြေဘူး။ကျွန်တော့်မျက်လုံးကိုစေ့စေ့ကြည့်ရင်းတစ်ခုခုကိုအဖြေရှာနေတာ။

"ဟက်"

မကြာခင်မှာအကြည့်လွှဲပြီး သူစိမ်းဆန်စွာလှောင်သံပြုတယ်။

BLACK COFFEE IS NOT SWEET (complete)Where stories live. Discover now