[𝘐 𝘯𝘰𝘵 𝘭𝘰𝘴𝘦 𝘺𝘰𝘶 38]U+Z

1.1K 90 13
                                    

Unicode

"ခွေးသူတောင်းစား"

"ငါ့ကို လွှတ်ပေး အခုချက်ချင်း လွှတ်ပေးစမ်း!!!"

အော်ဟစ်နေသော သံတိုင်ကြားထဲမှ အော်သံများဟာ သူ့ကို ခြောက်လန့်စေခဲ့သည်။

တုန်ရီနေသော လက်တစ်စုံဟာ သံကြိုးများ ချိတ်ခတ်ထားလျှက်။

သံတိုင်ထဲတွင် ဘဝ ပျက်နေသော အမိုက်သားများရဲ့ ပုံစံများဟာ တုန်လှုပ်စရာကောင်းအောင် ကြောက်ဖို့ သိပ်ကောင်းသည်။

"ဝင်တော့.."

*ဘုန်း*

တွန်းလွှတ်လိုက်သော လက်တစ်စုံကြောင့် သံတိုင် ကြားမှ အခန်းတွင်းထဲသို့ ဝပ်ဝပ်ပြားပြား လဲကျသွားလေသည်။

"ကျွန်တော်ကို လွှတ်ပေးပါ ကျွန်တော် တောင်းပန်ပါတယ်ဗျာ..ကျွန်တော် မှားပါတယ်.."

"ဟားဟား အမှားလုပ်ပြီးမှ မှားပါတယ်လို့ ပြောတိုင်း အရာအားလုံး ပြန်မကောင်းလာဘူး ကောင်လေး.."

လှောင်ရီသံများဟာ သူ့ကို အပြစ်သား တစ်ယောက်လို ခံစားစေသည်။အကျဥ်းသား တစ်ယောက်လို ခေါ်ဆောင်လာခဲ့သော ရဲများဟာ မြင်ကွင်းမှ ပျောက်တဲ့အထိ ထွက်သွားခဲ့သည်။

သွားပြီ..ကျွန်တော်ဘဝဟာ တကယ့်ကို ပြီးသွားပြီ..။

သံတိုင်များကို ပွတ်ဆွဲရင်း ကြမ်းပြင်ပေါ်ဆီ အားလျော့စွာ လဲကျသွားပြီး သွပ်သွပ်ခါ ရူးသွားသော ရီသံနက်နက် ဖြင့် အော်ရီလေသည်။

"ဟားဟား ဒါငါ့အမှား မဟုတ်ဘူး ဒါ သူ့အမှား ဟုတ်တယ် ဒါသူ့အမှား.."

နှုတ်ခမ်းက ရီသံများဟာ မျက်လုံးမှ မျက်ရည်များကို လှောင်ရီပြနေသယောင်။

သူ သည် ရီရင်းနဲ့ မျက်ရည်တွေကျနေတာပဲ။အိုး သူ ရူးသွားပြီ..ဟုတ်တယ် သူ သွပ်သွပ်ခါအောင် ရူးသွားပြီ..။

"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်တကယ်တောင်းပန်ပါတယ်.."

ဟော..အမှား မဟုတ်ဘူးလဲ ပြောသေးတယ် သူဟာ ထပ်ကာ တောင်းပန်နေပြန်ရော..။

ဟုတ်တယ် သူ ရူးသွားခဲ့ပြီ..။

တရားခွင် ရင်ဆိုင်တုန်းက အမေရဲ့ မျက်ရည်များဖြင့် စိတ်ပျက်သောတွေ လူအများရဲ့ ကဲ့ရဲ့သော အကြည့်တွေ သူမရဲ့ စူးနက်သော အကြည့်တွေ..ဒါတွေ..ဒါတွေကြောင့် သူ ရူးသွားခဲ့ရတာ..။

You're MineWhere stories live. Discover now