Ep-303

1.6K 37 4
                                    

Unicode

ယုတ်မာသော ဝိဉာဏ်များ
........

ကျောက်လီဖေးတွင် ရုတ်တရက်အတွေးတစ်ခုပေါ်လာလေသည်။ ကားသော့ကသူမလက်ထဲမှာရှိမနေဘူး။ ပြီးတော့ တံခါးကအရင်ကတည်းက သော့ခတ်ထားတာ ။

ကြောက်စရာကောင်းတဲ့အခြေအနေကို သူမနားလည်လိုက်ချိန်မှာသွေးချောင်းစီးနေတဲ့ အေးစက်မှုတစ်ခုသူမကိုယ်ပေါ်ရုတ်တရက်လွှမ်းမိုးသွားတော့သည်။ တရင်းတနီးရှိနေတဲ့ အေးစက်မှုတစ်ခုလေထုထဲမှာရှိနေတယ်။ ဘယ်သူမှမရှိတဲ့ ကားပါကင်ရဲ့တိတ်ဆိတ်မှုက သူမထင်ထားတာထက်တောင် ပိုပြီး စိုးရိမ်စေနိုင်တယ်။

"မင်း သတိလက်လွတ်ဖြစ်သွားတာဘဲ" လူတစ်ယောက်က သူမနားနားကိုကပ်ပြီး တီးတိုးပြောလိုက်ပါသည်။ သူ၏အသံမှာလေလံပွဲမှာ တွေ့ခဲ့တဲ့လူထူးဆန်းရဲ့ အသံနှင့်တူနေလေသည်။

ကျောက်လီဖေးက Rough (ဖိနပ်တံဆိပ်) တစ်ရံအတွက် ခါးထိဘောင်းဘီကိုလှမ်းယူလိုက်သည်နှင့် အကြင်နာမဲ့သော လက်တစ်စုံက သူမလက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားလိုက်ပြီး သူမကိုအဲ့ဒီနေရာမှာ ဆွဲထားလိုက်လေသည်။ သူမအော်ဟစ်ရင်း ပြန်တိုက်ခိုက်ဖို့ရုန်းကန်နေသည်။ သူမရဲ့သက်တော်စောင့်တွေ အခုဘယ်မလဲ ? ပြီးတော့ဘာကြောင့်ဒီလူက ဒီလောက် သန်မာရတာလဲ။

"ကိုယ်ပါ မင်းစိတ်အေးအေးထားပါ" ကျန်းကျီဟွေ့က သူမနောက်ကျောကို ကားမှန်နဲ့တိုက်မိပြီးနာသွားမည်ကိုစိုးရိမ်သဖြင့် သူမကိုညင်ညင်သာသာထိန်းလိုက်လေသည်။

ကျောက်လီဖေး၏မျက်လုံးတို့ မယုံနိုင်လောက်အောင် ပြူးကျယ်သွားလေသည်။ သူဖြစ်နေလို့ကိုသူမပို ထိတ်လန့်သွားရလေသည်။

"ကျမကိုလွှတ်ပေးပါ! ကျေးဇူးပြုပြီး" သူမအော်ပြောလိုက်ပြီး ကန်ကျောက်ရင်း သူမရဲ့လက်ကောက်ဝတ်တွေကို ပြန်ဆွဲဆောင့်လိုက်တယ်။ သူမမျက်ဝန်းအိမ်တွေထဲလဲ မျက်ရည်တွေအပြည့်နဲ့။ ရေစိုနေတဲ့စောင်အလေးကြီးတစ်ထည်လို အကြောက်တရားတွေက သူမကိုဖိထားတာကြောင့် ရင်ဘတ်မှာ ခပ်စူးစူးနာကျင်မှုမျိုး သူမခံစားနေရတယ်။ သူမ အကြောက်လွန်နေတာကြောင့် အသက်ပင်မရှုူနိုင်တော့။

Mr Tycoon၏ ခ်စ္​ဇနီး(Myanmar Tran)Dropped..Where stories live. Discover now