ကဗျာ ၃

51 2 0
                                    

Unicode

တိမ် (Nov.2021)

ကိုယ့်ကို ချစ်တဲ့လူတွေကိုမှ

တမင်ကွင်းရှောင်ပြီး

ဂရုစိုက်မှုပူပူလေးကိုမှ လိုချင်နေတာ

အတိတ်ကံမကောင်းဘူး ငါလေးရေ

ကိုယ်တိုင်က toxic ဖြစ်နေတဲ့အတွက်

ကိုယ်ဟာ ချစ်ခြင်းမေတ္တာနဲ့ မထိုက်တန်ကြောင်း

ဘယ်ဘဝမှာမှ ဘယ်သူနဲ့မှ

အလှူအတန်း မပြုခဲ့ဘူးထင်ပါရဲ့

ဦးတည်ချက်မရှိ လေနှင်ရာကိုပဲ

တိမ်လို လွင့်မျောလိုက်ပါ့မယ်

နှောင်ကြိုးဖြစ်စေမယ့် အရာတွေကို ရှောင်မယ်

တွယ်တာမှုတွေကို မမက်မောတော့ဘူး

ချည်ကြိုးတွေကို သဘောမကျဘူး

တိမ်စိုင်လို ပေါ့ပေါ့ပါးပါး လွင့်မျောချင်တယ်

အချစ်ဟာ ရုန်းလေနစ်လေပါပဲ

                    လွန်းတေး


Zawgyi

တိမ် (Nov.2021)


တမင်ကွင်းရှောင်ပြီး














                       လွန်းတေး

𝐊𝐚𝐛𝐲𝐚𝐫 𝐒𝐚𝐫 𝐎𝐚𝐤Where stories live. Discover now