ကဗျာ ၁၄

10 1 0
                                    

Unicode


Telepathy (April.2022)


တစ်စုံတစ်ယောက်ကို

လိုမြဲအတိုင်း လိုနေခဲ့တာပါပဲ


မွန်းကျပ်နေတဲ့ စိတ်အစဥ◌်ကို

ကိုယ်ပျော်ဝင်ချင်တဲ့ လူဆီမှာ

လွှတ်ချချင်မိပါရဲ့

မှီတွယ်ခြင်း ရောယှက်နေတဲ့

ငယ်သူတစ်ယောက်မို့ပါ

မတည်မြဲတဲ့ စိတ်ဖြစ်စဥ◌်တွေကို

တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်မှုနဲ့

တည်ငြိမ်ချင်မိပါရဲ့

တင်းတင်းကျပ်ကျပ်ပြည့်သိပ်နေတဲ့ ခံစားချက်ကို

လေအဟုန်မှာ လွင့်မျောပစ်လိုက်ချင်တယ်

ငါဟာလည်း

ချစ်တတ်ခြင်းနဲ့ သာမန်လူတစ်ယောက်ပါဆိုပြီး


သို့သော်

ငါရဲ့အဖော်ကို ငါရှာမတွေ့သေး

တယ်လီပသီနဲ့ လူတိုင်းကို လိုက်ချိတ်ဆက်မိနေပါပြီ

အိပ်မက်ဘဝဟောင်းက ချစ်ရသူဟာ

ပုန်းကောင်းနေတယ် ထင်ပါတယ်

                           လွန်းတေး


Zawgyi


Telepathy (April.2022)


တစ္စုံတစ္ေယာက္ကို

လိုျမဲအတိုင္း လိုေနခဲ့တာပါပဲ


မြန္းက်ပ္ေနတဲ့ စိတ္အစဥ◌္ကို

ကိုယ္ေပ်ာ္ဝင္ခ်င္တဲ့ လူဆီမွာ

လႊတ္ခ်ခ်င္မိပါရဲ့

မွီတြယ္ျခင္း ေရာယွက္ေနတဲ့

ငယ္သူတစ္ေယာက္မို႔ပါ

မတည္ျမဲတဲ့ စိတ္ျဖစ္စဥ◌္ေတြကို

တစ္စုံတစ္ေယာက္ရဲ့ထိန္းခ်ဳပ္မွုနဲ႔

တည္ၿငိမ္ခ်င္မိပါရဲ့

တင္းတင္းက်ပ္က်ပ္ျပည့္သိပ္ေနတဲ့ ခံစားခ်က္ကို

ေလအဟုန္မွာ လြင့္ေမ်ာပစ္လိုက္ခ်င္တယ္

ငါဟာလည္း

ခ်စ္တတ္ျခင္းနဲ႔ သာမန္လူတစ္ေယာက္ပါဆိုၿပီး


သို႔ေသာ္

ငါရဲ့အေဖာ္ကို ငါရွာမေတြ႕ေသး

တယ္လီပသီနဲ႔ လူတိုင္းကို လိုက္ခ်ိတ္ဆက္မိေနပါၿပီ

အိပ္မက္ဘဝေဟာင္းက ခ်စ္ရသူဟာ

ပုန္းေကာင္းေနတယ္ ထင္ပါတယ္

                       လြန္းေတး

𝐊𝐚𝐛𝐲𝐚𝐫 𝐒𝐚𝐫 𝐎𝐚𝐤Where stories live. Discover now