Forgive Me💙

103 7 2
                                    

Zawgyi

(Cô ta ဆိုတဲ့ song လေး
နားထောင်ရင်းဖက်ဖို့ အကြံပေးသည်)

ကျနော် နမယ် လန်ကျင်းရီ
ပါးနဲ့ ပါပါးတို့ကတော့ သားငယ်၊
ငယ်လေးလို့လဲခေါ်တယ်...

ကျနော် ရဲ့ တယောက်သောသူ ကတော့
လန်ကျင်းရီ လို့ ခေါ်တယ်...

ကျနော် ကျတော့ သူ့ကို ကိုကို လို့
ခေါ်တယ်...

ကိုကို က ကျနော် ကို အရမ်းမုန်းတာ
ကျနော် ကတော့ ကိုကို မုန်းတာထက်
ကိုကို့ကို ပိုချစ်တယ်...

တခြားသူတွေနဲ့ ရှိချိန်ဆို အမြဲတမ်း
ပြုံးရိပ်သန်းနေပီး သဘောကောင်းတဲ့
ကိုကို က ကျနော် ဆို အမြဲတမ်း
ဆူငေါက်နေတော့တာ ဒါပေမယ့် လဲ
အဲ့ ဆူငေါက်သံတွေက ကျနော်အတွက်
သာယာနာပျော်ဖွယ် တေးသွားတပုဒ်လိုပါပဲ...

ကျနော် ဘဝထဲကို ဝင်လာခဲ့တာ က
အင်း အဲ့နေ့က...

.................

ဝေ့ရင်း အခုမှဆေးရုံက ဆင်းလာတဲ့
ကလေးလေးကို အိမ်ခေါ်လာခဲ့သည်...

သူလေးဘဝက သနားစရာလေး ပါ
မိဘတွေက စွန့်ပစ်ခဲ့လို့ သူ့မိဘတွေက
ဘသူမှန်းတောင်မသိပဲ မိဘမဲ့ ဂေဟာမှာ
နေနေရတဲ့ကလေးလေး...

မိမိရဲ့ ပေါ့ဆမူ့ကြောင့်
လမ်းဖြတ်ကူးလာသော
ထိုကလေးလေးကို ကားနဲ့တိုက်မိခဲ့တာမို့
ဆေးရုံ တလလောက် တက်ခဲ့ရတယ်...

ဝေ့ရင်း ထိုကေလးကို တလလောက်ထိ
မိမိအလုပ်လုပ်တဲ့ ဆေးရုံမှာပါ မြင်တွေ့
နေရတာမို့ သံရောဇဉ်တွယ်မိ၍
လန်ကျန့်ကို ပြောကာ မွေးစားခဲ့ကြခြင်း...

အင်း သူကြောင့် ဆိုတဲ့ ခံစားချက်ကြီးနဲ့
မဟုတ်ပဲ ကလေးနဲ့ မိမိတို့ရဲ့ ရေစက်ကြောင့်
တွေ့ဆုံခြင်းလို့ ခေါင်းစဉ်တက်လှလှလေးပဲ
တက်လိုက်သည်...

သူ့မှာ ကိုယ်တိုင်မွေးထားတဲ့
သားလေး တယောက် တော့ရှိသည်
ဒါပေမယ့် သူဒီကလေးလေးကို
မွေးစားချင်သည် အာယွမ့် လဲ
ညီလေးတယောက် လိုချင်မှာပါ
သူလဲ ယောကျာ်း လေးတန်မဲ့
ကလေးမွေးရတာက ခက်ခဲလွန်းသည်လေ...

(ပြောချင်တာက ကွာ ဝေ့ရင်း က
ဆရာဝန်မို့ သူကားနဲ့ တိုက်မိတဲ့
ကလေးက သူ့ဆေးရုံမှာမို့
သွားသွား တွေ့ရင်း သံယောဇဉ်
ဖြစ်သွားတာပါနော်)

Forgive Me💙(ငါ့ကိုခြင့္လွြတ္ပါ /ငါ့ကိုခွင့်လှွတ်ပါ )Where stories live. Discover now