Forgive Me💙

56 5 0
                                    

Zawgyi

အခု ကျင်းရီ အသက် 18နှစ်ပင်
ပြည့်ခဲ့ပီဖြစ်သည်...

သူ ကိုကို နဲ့ နေခဲ့တာ 13နှစ်ရှိပြီပေါ့
အင်း အဲ့13နှစ်အတွင်းမှာ ကိုကို
အပေါ် လဲ ပို၍ ပို၍တန်ဖိုးထားကာ
ချစ်လာမိသည်...

ပါးတို့ မရှိချိန် လစ်ရင်လစ်သလို
သူ့ကို နှိပ်စက်လွန်းတဲ့ ကိုကို့ကို
မမုန်းနိုင်ခဲ...

ဒီနေ့တော့ သူ့ရှေ့ဆက် ဘာဆက်ဖြစ်မလဲ
မတွေးတက်တော့...

သေချာတာကတော့ သူအရင်ထက်
ပိုပီး နှိပ်စက်ခံရမည်ဆိုပင်...

အကြောင်းကတော့ ပါးနဲ့ ပါပါးက
သငယ်ချင်းတေနဲ့ အပန်းဖြေခရီး
ထွက်သွားခြင်းကြောင့်ပင်...

1လ ဒါမှမဟုတ် အဲ့ထက်လဲ
ကြာနိုင်သည်တဲ့လေ...

အလုပ်တေတော့ မန်နေဂျာ နဲ့
လွှဲခဲ့တယ်ဆိုလားပဲ...

...................

"အာယွမ့် ငယ်လေးကို
ဂရုစိုက်လိုက်အုံးနော်
အနိုင်ကျင့် အနေနဲ့ အုံး
ပါပါးတို့ပြန်လာရင် ငယ်လေးကို
တွေ့ချင်တယ် မင်းကို ကြောက်ပီး
အိမ်ကထွက်ပြေးသွားအောင်
မလုပ်လိုက်နဲ့အုံး "

"စိတ်ချမယ်နော် ကျောင်းမှာလဲ
စောင့်ရှောက်လိုက်အုံး"

စစ်ကျွေး ကျောင်းသွားဖို့
အကျီင်္လဲရင်း ပါးတို့မသွားခင်
မှာခဲ့တာများ ပြန်ကြားလာကာ
ဒေါသက ထွက်လာလေပီ...

ဘာဖြစ်လို့ သူ့ကိုပဲ စိတ်ပူနေကြတာလဲ...

"အား.. !သူကဘာမို့လို့လဲ
ဘာမို့လို့ ငါက စောင့်ရှောက်ရမှာလဲ
စဉ်းစားကြည့်တာနဲ့တင် သတ်သေချင်စရာ
ကောင်းနေပီ"!!!ဟက်'

သူပြုံးလ်ုက်သည် မဲ့ပြုံးပဲဖြစ်မှာပါ
အလွန်တရာ ချောမောလွန်းတဲ့
သူ့မျက်နာထက်က အပြုံးနဲ့ လုံးဝပင်
မအပ်စပ်ပေ...

မှန်ကို ကြည့်ကာ ခပ်ရွဲ့ရွဲ့
ပြုံးလိုက်ပြီး ကျောင်းသွားဖို့
အောက်ထပ်ဆင်းလာခဲ့သည်...

တွေ့ပါပီ မနက်စာစားနေသော
လန်ကျင်းရီ သူ့ကိုမြင်သွားသည်ထင်ပါ့
ပြုံးပြနေလေသည်...

Forgive Me💙(ငါ့ကိုခြင့္လွြတ္ပါ /ငါ့ကိုခွင့်လှွတ်ပါ )Onde histórias criam vida. Descubra agora