1.1K 167 2
                                    

[Zawgyi]

"ငါ့ကို ၈တိုက်မြောက်ရွှေတိုက်ကနေ
ရွှေတွေ ၉သေတ္တာစာသယ်လာပေး Mii"

"ဟုတ်ကဲ့.."

မီးပြင်းဖိုတွေနဲ့ ပူလောင်လှတယ့်နေရာ
တစ်ခု..တစ်နည်းအားဖြင့် ရွှေအရည်ကျိုရာ
နေရာ...။

"ငါ့ကို ပုံစံတစ်ခုလုပ်ပေးရမယ်.."

"သခင်ကြီး ဘာများလဲ.."

"ခေါင်းတလားတစ်ခု.."

"ရွှေနဲ့ ပြုလုပ်ထားမယ့် ခေါင်းတလား.."
____

"Kim....မင်း ငါ့ကိုမုန်းနေမှာပေါ့နော်.."

"အသေအချာပေါ့..Ji.."
ဘယ်ချိန်မေးမေး အဖြေကတစ်ခုတည်းပါပဲ...

"ငါ အဲ့တုန်းက မရည်ရွယ်ခဲ့ပါဘူး..ငါက
ဒီတိုင်းလေး ထွက်သွားဖို့ လုပ်ခဲ့တာ.."

ချေပတယ့် ဖြေရှင်းချက်လေးက မှားယွင်းခဲ့
သူအတွက် ရင်နာစရာ..။

"မင်းသိလား..ငါ့အဲ့တုန်းက ဘယ်လောက်
တောင် မင်းအပေါ်ရူးသွပ်ခဲ့ရလဲဆိုတာ...
ကိုယ်ပိုင်တယ့် ရတနာတွေ ခိုးဖို့လာတယ့်
သူခိုးကို ရက်ရက်ရောရောပေးခဲ့ရလောက်တဲ့
အထိ ငါရူးခဲ့တာ.."

"ငါ..နား..လည်..ပါ..တယ်.."
အနည်းငယ်တုန်ရီနေတာက ဝမ်းနည်းမှု
ကြောင့်လား..အားနာမှုကြောင့်လား..။

"မင်းမသိပါဘူး..Ji!ငါကို အလှဂုဏ်မောက်
တယ်လို့ မင်းပြောတယ်မလား..အမှန်ပဲ..
ဒါပေမယ့် အခုလို မင်းအမာရွတ်ကြီးတွေ
ရစရာမရှိအောင် ချန်သွားတော့ ငါဘယ်လို
ခံစားခဲ့ရလားသိလား..ကမ္ဘာကြီးကပျက်သုဉ်း
သွားချိန်မှာ တစ်ဖက် အလှကမ္ဘာလေးကပါ
အက်ကွဲသွားခဲ့တာကွ..!"

ကမ္ဘာကြီးပျက်သုဉ်းသွားတာ...
သူထားသွားတာကို Kimက နင့်နင့်နဲနဲ
သုံးနှုန်းလိုက်တာပဲ..

"ငါက မင်းကမ္ဘာကြီးပေါ့...?"

"သိပ်ဟုတ်ခဲ့တာပေါ့..Jiရာ..."
Kimကငိုတယ်..သိပ်ကိုငိုခဲတယ့် Kimက..

"မငိုပါနဲ့..အစကတည်းက ငါက မင်းနဲ့
မထိုက်တန်လို့ပါ.."

"တားထားတယ့် စည်းဘောင်တွေ မရှိတာ
တောင် မင်းဘယ်လိုတွေ တွေးနေတာလဲJi"

AMETHYST [kth × pjm]Where stories live. Discover now