1K 148 2
                                    

[Zawgyi]

"Ji..မင်းကြိုက်တာတွေ ငါချက်လာတယ်"

"ငါ..မစားချင်ဘူး..Kim"

"မင်း..!ငါ့အမိန့်ကို မဖီဆန်နဲ့..!"

"မင်း လွှမ်းမိုးပြန်ပြီ..ငါမကြိုက်ဘူး Kim"

*ခွမ်း..!!!*
သယ်လာသမျှ အစားသောက်တွေကို
လွှင့်ပစ်လိုက်တော့ ပန်းကန်တွေကွဲကျသံဟာ
ဆူညံသွားသည်။

"ငါ့ဘက်ကလွှမ်းမိုးမှုကို မင်းမှာငြင်းပိုင်ခွင့်
မရှိဘူးလို့ ငါပြောပြီးသား..Ji!!"

"အထက်စီးဆန်မှုတွေ ရပ်ပါတော့..!"

"မင်း..မမြင်ဘူး...Ji"
*ငါ..ခယ..ခဲ့တာတွေကို မင်းမမြင်ခဲ့ဘူး..*

"ငါ..လည်း မြင်အောင်မကြည့်ချင်ဘူး.."
*ကြည့်လေ မြင်လေ တွယ်တာခြင်းတွေ
ဖြစ်ပေါ်လေ..*

"ငါ့လေ မင်းကိုမြင်ရင် သွေးတွေဆူပွက်ပြီး
လုပ်ပစ်ချင်ပေမယ့် ငါ မင်းမျက်ဝန်းတွေ
ကြောင့် ငါမလုပ်နိုင်ခဲ့တာ..."

"ငါ့စီစဉ်ထားတယ့် ရည်မှန်းချက်ကိုတောင်
မလုပ်နိုင်ခဲ့သေးတာ..မင်းမျက်ဝန်းတွေကို
မြတ်နိုးလွန်းလို့ ပိတ်ကျသွားရင်တောင်
သိပ်နှမြောနေခဲ့ရတာ.."

"ငါ..အခုထိ မလုပ်နိုင်သေးတာ...အချိန်ဆွဲ
နေခဲ့တာမဟုတ်ဘူး..ငါမလုပ်ရက်လို့.."

အောက်ပိုင်းသေအောင်တော့
Kimကလုပ်ရက်ခဲ့ပါတယ်..
ဒီရက်စက်ခြင်းတွေကပဲသိပ်လှပတယ်
မဟုတ်ဘူးလား...။

"မင်းရဲ့ကြီးကြီးကျယ်ကျယ်စကားလုံးတွေ
က ငါ့ကို သတ်ချင်တာကို မသတ်နိုင်ဖြစ်
နေတယ်လို့ ရည်ညွှန်းနေတယ်.."

"ဘာကြောင့် အဲ့လိုထင်ရတာလဲ.."

"မင်းရည်မှန်းချက်က..မင်းမျက်လုံးကို
ဖောက်ယူသွားတယ့် ငါ့ကို သတ်ချင်တာက
လွဲပြီး ကျန်တာဘာရှိမာလဲ Kim"

"ငါက မင်းကို စိန်စီထားမှာ Ji"

Jiminဆံပင်တွေကို နားကြားထဲကိုသပ်တင်
ပေးလိုက်ပြီး...

"ရွှေချထားပြီး..စိန်စီထားပေးမှာ.."

Kimမျက်လုံးတွေမှိတ်ပြီး Jiminနဲ့နဖူးချင်း
ထိကပ်ထားလိုက်တယ်..။
Jimin ကြည့်နေခဲ့တယ်...
Kimပိတ်ထားတယ့် မျက်ခွံတွေက
တုန်ရီလာခဲ့တယ်...
Kim ငိုချလာခဲ့တယ်...
သူ့ကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုခဲ့တယ်...

AMETHYST [kth × pjm]Where stories live. Discover now