ဂါဖြောင်းဆိုတဲ့ နယ်မြို့ငယ်လေးတစ်ခု။ အရှေ့မြောက်အရပ် စွန်းစွန်းမှာ ရော်ရွက်ဝါတွေပြည့်လို့ ခြောက်သွေ့နေတဲ့ တောအုပ်ငယ်လေးကို နောက်ခံပြုထားတဲ့ ‘စာသင်ဆောင်’ လို့ အမည်သမုတ်တဲ့ အဆောင်ငယ်လေးတစ်ခုရှိလေသည်။
သစ်သားလက်ရန်းတွေနဲ့ ကာရံထားတဲ့ စာသင်ဆောင်ရဲ့ အတွင်းမှာ အသက် ၆နှစ်ကနေ ၁၀ အရွယ်အထိ စာသင်သား ကလေးငယ်လေးတွေရှိသည်။ ကိုယ်စီနေရာထိုင်ခင်းမှာ စားပွဲတစ်လုံးစီနဲ့ စီတန်းစွာ ထိုင်နေကြတဲ့ စာသင်သားလေးတွေက ဆယ်ယောက်။
စာအံသံလေးတွေ ပြိုင်ထွက်နေတဲ့ ထို စာသင်ဆောင်လေးရဲ့ အနောက်နားမှာ လူတစ်ယောက်က အတန်းတစ်ခုလုံးကို ကျောပေးထားရင်း ရပ်နေလေသည်။
သူဟာ ၀တ်ရုံရှည်အဖြူရောင်နဲ့ လက်ထဲမှာလည်း သေးသွယ်တဲ့ ကြိမ်လုံးတုတ်လေးတစ်ချောင်းကို ကုိင်ထား၏။ အပြင်ဘက်က ရေကန်ငယ်ကို ငေးနေရင်း သူဟာ စာအံသံတွေကို ဂရုစိုက်နားထောင်နေတာလား၊ ဒါမှမဟုတ် စိတ်တွေ ဘယ်ဆီကိုများ မျောလွှင့်နေမလဲ မသိနိုင်စွာပဲ ငြိမ်သက်နေသည်။
သူက ဒီစာသင်ဆောင်က တစ်ဦးတည်းသော ဆရာဖြစ်သူ Min Yoongi။
သံပြိုင်ထွက်နေတဲ့ စာအံသံအုပ်အုပ်တွေက ပြတ်တောင်းပြတ်တောင်းဖြစ်စပြုလာတာကို Yoongi သတိထားမိလာသည်။ အသံအနေအထားကို ကျင့်သားရစွာပဲ သိလိုက်တာက Yoongi ဖတ်ခိုင်းထားတဲ့စာထဲမှာ သူတို့လေးတွေ အာရုံမရှိတော့ဘူး ဆိုတာကိုပဲ။
သတိပေးဖို့ အတန်းဆီ ပြန်လှည့်လိုက်တော့ စာသင်ဆောင်ရဲ့ အ၀င်ပေါက် လှေကားရင်းမှာ ရပ်နေတဲ့ အပြာရောင်အရိပ်ကလေးတစ်ခုကို တွေ့လိုက်ရသည်။ စာသင်သားကလေးငယ်တွေ အာရုံပြန့်လွှင့်ကုန်ရတဲ့ အကြောင်းအရင်းပေါ့။
Yoongi ချောင်းတစ်ချက်ဟန့်လိုက်ပြီး အတန်းရှေ့ကို လျှောက်လာလိုက်သည်။
Yoongiကို မြင်တော့ ကလေးတွေရဲ့ ကိုယ်ဟန်လေးတွေက ခပ်မတ်မတ်ဖြစ်ကုန်ကြသည်။ စာကို ပြန်ငုံ့ကြည့်နေကြသော်လည်း ခဏသာ။ မျက်လုံးလေးတွေက အပြင်ဘက်ကိုပဲ တဝေ့လည်လည်နဲ့။
စာမျက်နှာတစ်ခုပြီးသွားပြီး နောက်စာမျက်နှာကို လှန်ရမည်ဖြစ်သော်လည်း Yoongi လက်ထောင်ပြလိုက်သည်။
YOU ARE READING
LOVE IN AUTUMN {TAEGI}
FanfictionThis was written for do*ation project. Hope you guys enjoy it! #taegi