ep5 boss and chief

400 81 29
                                    

မနက်ခင်းရောက်တော့ မင်ယောင်းဟာ အိမ်အောက်ထပ်၌ ဆူညံဆူညံတွေ ကြားနေရလို့ မြန်မြန်ပဲ ထကာ အောက်ဆင်းသွားကြည့်လိုက်ပါတယ်။ အောက်ရောက်တော့ ဘယ်သူမှ မတွေ့ပါဘူး။ ဒါမဲ့ ဒီအသံဟာ မီးဖိုခန်းထဲက လာနေတာပါ။ သေချာနားထောင်ကြည့်လိုက်တော့ တခုခု ကျော်လှော်နေတဲ့ အသံမျိုးပေါ့။ မင်ယောင်းလဲ ဒါနဲ့ပဲ မီးဖိုခန်းထဲ သွားကြည့်လိုက်ချိန်မှာတော့ ဒိုဟွမ်းဟာ မနက်စာ ချက်ပြုတ်နေခဲ့တယ်။ မနေ့ညကထိ ဟိုဆော့ ဖြစ်နေတာဆိုတော့ အခု ဟင်းချက်နေတာလဲ ဟိုဆော့များ ဖြစ်နေမလားလို့ မေးကြည်လိုက်ပါတယ်။

မင်ယောင်း:ဟိုဆော့ရှီ...မနက်အဆောကြီး ဟင်းထချက်နေတာလား။

ဆော့ဂျင်:ဒူဂူ...ဆယ်ရော်။ ဘယ်သူပါလဲ။

မင်ယောင်း:ဒါ ဂျောင်ဟိုဆော့ မဟုတ်တော့ပြန်ဘူးလား။ နံမယ် ဘယ်လို ခေါ်လဲဟင်။

ဆော့ဂျင်:ငါက ဂင်ဆော့ဂျင်ပါ။ မင်းဘယ်သူလဲ။

မင်ယောင်း:အာ ဂင်ဆော့ဂျင်ကိုး။ ကျွန်မက ချာဒိုဟွမ်းရဲ့စိတ်ရောဂါကု လီမင်ယောင်းပါ။

မင်ယောင်းဟာ ဆော့ဂျင်စရိုက်ကို မြင်ဖူးထားတာမို့ အခုမှကြုံဖူးပေမဲ့ တဖြင့်စရိုက်တွေထက်စရင် အနဲငယ် သိနေပါတယ်။ ဆော့ဂျင်ဟာ မင်ယောင်းစကားကြားတော့

ဆော့ဂျင်:ဆရာဝန်လား။ ဟုပါပြီ။ ဒါနဲ့အခုမှနိုးတာလား။ မြန်မြန်မျက်နှာသစ်လိုက်။ ငါမင်းအတွက် မနက်စာ ပြင်ဆင်ပေးထားမယ်။

မင်ယောင်းဟာ မျက်လုံးတချက်ပြူးသွားပါတယ်။ ဂျင်စရိုက်ကို သိတယ်ဆိုပေမဲ့လဲ ဂျင် ဟင်းချက်တော်တာကတော့ မသိဖူးပေါ့။ သူလဲ မြန်မြန် မျက်နှာသစ်လိုက်ပြီး မျက်နှာကို ခရင်မ်အနဲငယ်လူး နှုတ်ခမ်းနီအဆီလေးကို ဆိုးကာ အောက်ထက်ပြန်ဆင်းလာတော့တရ်။ အောက်ရောက်တော့ စားစရာတွေဟာ ကြယ်၅ပွင့်အဆင့် စာဖိုးမှူး လက်ရာတွေလိုမျိုး ခမ်းနာကြီးကျယ်နေပါတယ်။

ဂျင်:ထိုင်လေ။ ဒီတိုင်းကြည့်နေတော့မှာလား။

မင်ယောင်း:အော် omm

မင်ယောင်းလဲ တူယူကာ ရှေ့က ငါးပေါင်းကို မြည်းကြည့်လိုက်ချိန်မှာတော့ အရသာဟာ နတ်ပြည်အလား အရမ်းကောင်းနေပါတယ်။

HESWhere stories live. Discover now