မင်ယောင်းတစ်ယောက် နိုးလာတော့ မနေ့ညက သူ့အိပ်ရာထဲ ဘယ်လိုပြန်ရောက်နေမှန်းမသိ။ သူ မှတ်မိတာဆိုလို့ မနေ့ညက နမ်ဂျွန်းနဲ့ စကားပြောနေခဲ့တဲ့အထိပဲပေါ့။ သူမလဲ မျက်နှာသစ်ပြီး အောက်ဆင်းလာတဲ့အချိန် မီးဖိုခန်းထဲကနေ တခုခုကို ချက်ပြုတ်နေတဲ့အသံကြားလိုက်၍ ဆော့ဂျင်များလားဆိုတဲ့အထင်နဲ့ အမြန်ပြေးသွားလိုက်တော့သည်။ အောက်ရောက်တော့....
ထယ်ယောင်း:အညော်....နိုးပြီလား။
မင်ယောင်း:ထယ်ယောင်းရှီ။ ဒီမှာဘာလုပ်နေတာလဲ။
ထယ်ယောင်း:မနေ့ညက အရက်သောက်ထားတယ်နဲ့တူတယ်။ ဒါကြောင့် အမူးပြေအောင် ကင်မ်ချီနဲ့ပဲပင်ပေါက်ကို ဟင်းချိုလုပ်နေတာ။
မင်ယောင်း:မနေ့ညက ကျမအရက်သောက်တာ ထယ်ယောင်းရှီက ဘယ်လိုသိတာလဲ။
မင်ယောင်းဒီလိုမေးတော့ ထယ်ယောင်းက အပြင်မှာမနေ့ညက ဆိုဂျူတွေပြစ်ထားတဲ့အမှိုက်ပုံးကို မေးဆက်ပြလိုက်တော့သည်။
မင်ယောင်း:အာ...အဲ့ဒါကြောင့်ကိုး။
ထယ်ယောင်း:ရော့ ဒီမှာရပြီ။
ထယ်ယောင်းက သူလုပ်ထားတဲ့ ပဲပင်ပေါက်ကင်မ်ချီဟင်းချို ပူပူလေးကို မင်ယောင်းရှေ့ချပေးလိုက်တော့သည်။ မင်ယောင်းလဲ တချက်မြည်းကြည့်လိုက်ပြီးနောက်...
မင်ယောင်း:immmmm အရသာရှိသားပဲ။ ထယ်ယောင်းရှီက ဒီလိုတွေလဲ လုပ်တတ်တာလား။
ထယ်ယောင်း:ကလပ်က ပြန်လာရင် မူးလာတိုင်း သောက်လို့ရအောင် တခုလောက်တော့ သင်ထားရတာပေါ့။
မင်ယောင်းတစ်ယောက် နှစ်ဇွန်းသုံးဇွန်းလောက် စားပြီးနောက် စားပွဲကနေ ထသွားတော့သည်။
ထယ်ယောင်း:ဘာလဲ တော်ပြီလား။ ဧကန စားလို့မကောင်းလို့လား။
မင်ယောင်း:အာညီးရာ စားလို့ကောင်းပါတယ်။ စားချင်စိတ်မရှိသေးလို့ပါ။
ထယ်ယောင်း:hyungဆော့ဂျင်ကိစ္စကြောင့်လား။အဲ့ဒါကြောင့်ဆို စိတ်မညစ်ပါနဲ့တော့။ ကျတော်တို့က ပျောက်ကွယ်ဖို့ ဖြစ်လာတာလေ။ တချိန်ကျ ပျောက်ကွယ်သွားရမှာပဲ။ မပျောက်ကွယ်ခင်အချိန်လေးမှာ ပျော်ပျော်နေဖို့ပဲ လိုတယ်။
YOU ARE READING
HES
Fanfictionေကာင်လေးတစ်ယောက်ဟာ ငယ်ဘဝက ဒဏ်ရာတွေကို စိတ်စွဲကာ DIDလို့ခေါ်တဲ့ လူတဦးထဲ၌ စရိုက်ကွဲမှု စိတ်ရောဂါခံစားခဲ့ရတယ်။ အချိန်တွေကို လုယူပြီး သူ့စရိုက်တွေဟာ သူ့ကိုယ်ကနေ ရှင်သန်ခဲ့ကြတယ်။ ဒီလိုနဲ့ ပြန်သတိရလာချိန်တော့ သူ့စရိုက်တွေ ရှင်သန်ခဲ့တဲ့ မှတ်ဥာဏ်တွေကို မသိ...