Prologue

2.9K 72 0
                                    

ဒေါ်မေနန်းခ

Metanoia music production companyရဲ့ ပိုင်ရှင်တစ်ယောက်။
သူ့အမေကကတော့သူ့ကိုမွေးပြီး၃နှစ်အကြာမှာပဲနှလုံးရောဂါနဲ့ဆုံးသွားတယ်။ နဂိုတည်းကအားနည်းတာလည်းပါတာပေါ့လေ။ ဒီအကြောင်းကိုသူပြန်သိတဲ့အခါမှာတော့သူ့ကြောင့်သူ့အမေသေရတယ်ဆိုပြီးအပြစ်တင်မဆုံးဖြစ်နေလေရဲ့။ သူ့ရဲ့အဖေကတော့ မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးသူဌေးစာရင်းဝင်တဲ့ ဦးအောင်မင်းခ။ သူကတော့ ပြီးခဲ့တဲ့နှစ်အစောပိုင်းကပဲ car accident တစ်ခုကြောင့်ဆုံးသွားတယ်။ သူကတစ်ယောက်တည်းရပ်တည်နေရပေမယ့် အရမ်းကိုသန်မာတဲ့အမျိုးသမီးတစ်ယောက်။ သန်မာတာလား သန်မာချင်ယောင်ဆောင်တာလားဆိုတာကတော့ သူကိုယ်တိုင်ပဲသိမှာပေါ့။သူ့မှာအရမ်းချစ်ရတဲ့ ညီမလေးတစ်ယောက်ရှိတယ် နန်းခက်မွှေးတဲ့။

နန်းခက်မွှေး

Future Construction company ပိုင်ရှင် ဦးမင်းခက်ရဲ့ တစ်ဦးတည်းသောသမီး။ သူ့ရဲ့ကလေးဘဝကိုတော့ ဦးအောင်မင်းခရဲ့အိမ်မှာကုန်ဆုံးခဲ့ရတာများပါတယ်။ မေနန်းခရဲ့အမေဆုံးသွားပြီးကတည်းက သူအထီးမကျန်အောင်လို့ လာနေတဲ့ကလေးမလေးပေါ့။ လာနေရတဲ့အကြောင်းကတော့ နန်းခက်မွှေးမှာငယ်ငယ်ကတည်းကအမေမရှိပါဘူး။ ဦးမင်းခက်စီးပွားရေးလောကမှာအောင်မြင်လာတာနဲ့အမျှ အလုပ်တေများလာရောလေ။ အလုပ်တေလည်းများလာရော သူ့သမီးအတွက်တောင်အချိန်သိပ်မပေးနိုင်တာကြောင့် သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ ဦးအောင်မင်းခအိမ်ကိုပို့ထားလေ့ရှိပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဦးမင်းခက်အိမ်ကို မေနန်းခကလာနေတာပေါ့။ အဲ့လိုနဲ့သူတို့နှစ်ယောက်ကတော်တော်လေးသံယောဇဥ်တွယ်သွားကြတယ်။ ကြီးလာတော့လည်း ခက်က သူ့အဖေကုမ္ပဏီမှာမလုပ်ပဲနဲ့ အလုပ်သင်ရဦးမယ်ဆိုပြီး ခရဲ့production comမှာ ခရဲ့အတွင်းရေးမှူးလုပ်နေလေရဲ့။
အရင်ကတည်းက ခက်က ခရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းအကုန်လုံးကိုမျှဝေခံစားပေးနိုင်တဲ့တစ်ဦးတည်းသောသူဖြစ်ခဲ့တာပေါ့။

သွန်းဆက်သွေး

ငယ်ငယ်ကတည်းကခြေမွှေးမီးမလောင် ၊ လက်မွှေးမီးမလောင်နေလာခဲ့ရပေမယ့် မိဘနှစ်ပါးစလုံးကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ အမျိုးတွေရဲ့ထိန်းချူပ်မှူအောက်မှာ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနေလာခဲ့ရသူ၊ သို့သော်လည်း guitar တစ်ခုတော့ကောင်းကောင်းတီးတတ်တော့  စားသောက်ဆိုင်တစ်ဆိုင်မှာunpluggedဆိုနေလေရဲ့။ အမျိုးတွေကတော့သူ့အမွေတွေကိုလက်ဝါးကြီးအုပ်ပြီးသူပျောက်သွားတာတောင်သိမယ့်သူတေမဟုတ်တော့ သူကြိုက်တာကိုတော့ စိတ်ကြိုက်လုပ်လို့ရပါတယ်။ သူ့မှာအချစ်ဆုံးသူငယ်ချင်းတစ်ယောက်တော့ရှိတယ်။ နာမည်က ပိုးခန့်ထည်တဲ့ ။ပိုးလေးလို့ပဲခေါ်ကြတာပေါ့။

အခုမှficစရေးတာမလို့ အမှားပါရင်သည်းခံပေးကြပါ..:3

You are my sunshine {On Hiatus}Waar verhalen tot leven komen. Ontdek het nu