Chapter 2

706 43 0
                                    

"မမ" "မမ" လို့... stageပေါ်တွင်သီချင်းဆိုနေသောကောင်မလေးအားကြည့်ကာ ပြုံးနေသည့်မမအား နန်းခက် သိပ်ဘဝင်မကျလှပေ။ထို့ကြောင့် မေနန်းခအားခေါ်နေသော်လည်းကြားပုံမရ။"ခ" လို့အသံကျယ်ကျယ်နဲ့အော်လိုက်တော့မှ နန်းခက်ကိုလှည့်ကြည့်လာသည်။

"အို!လန့်သွားတာပဲ ခက်ရယ် ဘာဖြစ်လို့အဲ့လောက်တောင်အော်ရတုန်းလို့" မေနန်းခမှာရင်ဘတ်ပေါ်လက်ကလေးဖိကာ မျက်လုံးလေးပြူး၍ပြန်ပြောခြင်းဖြစ်သည်။

"မမက သူများကိုဘာလို့အကြာကြီးပြုံးပြရတာလဲလို့ ၊ နန်းခက်မကြိုက်ဘူး၊နန်းခက်ကိုပဲ ပြုံးပြရမယ်လေ " နန်းခက်မွှေးမှဆူပုတ်ကာမေနန်းခအားပြောလိုက်သည်။

"မဆိုးပါနဲ့ ခက်ရယ် အစ်မက သူပြုံးပြလို့ပြန်ပြုံးပြတာလေ.ပြီးတော့သူ့ပုံကအရည်အချင်းရှိမယ့်ပုံလေ ကလေးရဲ့...မြေတောင်မြှောက်ပေးသင့်လည်းမြှောက်ပေးရအောင် ခက စဥ်းစားနေတာပါ ခက်ရဲ့"
ခကနန်းခက်ရဲ့ခေါင်းလေးကိုပုတ်ပြီးပြောလိုက်သည်။

"သွားပါ သူများနဲ့အကြည်စိုက်တုန်းကစိုက်နေပြီး ခုမှမြေတောင်မြှောက်မယ်လေးဘာလေးနဲ့ " နန်းခက်ကထပ်ပြောလိုက်သည်။

"အယ် ဒီကလေးနှယ် ပြောရဆိုရတယ်ခက်သကိုး.တော်ပြီကွယ် ထင်ချင်သလိုသာထင်"ဟုဆိုကာ စားပွဲပေါ်က avocado smoothieကိုသာသောက်၍နေလိုက်တော့သည်။

နန်းခက်လည်းဘာမှမပြောတော့ဘဲ stageနောက်ထဲကိုသာ မျက်စောင်းကြီးကြီးပစ်ကျွေးလိုက်တော့သည်။

.
.
.
.
.
.
.
.
.
"ဘယ်လိုလဲ အဆင်ပြေခဲ့လား" သီချင်းဆိုပြီးပြန်လာသော သွန်းဆက်အား ပိုးခန့်ထည်မှဆီး၍မေးလိုက်သည်။

"ပြေတယ်လို့တော့ထင်တာပဲ"သွန်းဆက်ရေရွတ်လိုက်သည်။

"ထင်တာပဲလို့မရဘူး သွားမယ်လာ ငါနဲ့လိုက်ခဲ့"ဟုဆိုကာ သွန်းဆက်လက်ကိုဆွဲပြီး ဒေါ်မေနန်းခတို့ထိုင်နေသောဝိုင်းဆီသို့တည့်တည့်လျှောက်သွားလိုက်သည်။

"ဟဲ့ဟဲ့ ပိုးလေး ဘာလုပ်တာလဲဟ ငါ့ကိုလွှတ်ဦး ဘယ်သွားနေတာလဲ..ဟာ ဘာလုပ်မလို့လဲ."သွန်းဆက်မေးသမျှကိုမဖြေပဲသွားစရာရှိတာသာသွားနေတော့သည်။

You are my sunshine {On Hiatus}Where stories live. Discover now