Chapter 3

570 40 0
                                    

"သြော်.. မင်းဆိုလိုချင်တာကို အစ်မသိပြီ" ခက ပိုးခန့်ထည်အား ပြုံး၍ပြောလိုက်သည်။ သွန်းဆက်ကတော့ အားတုံ့အားနာသော မျက်လုံးများနှင့်သာကြည့်နိုင်သည်။ "ပိုးထည်က အစ်မနဲ့ရင်းနှီးတယ်ဆိုပြီး အခွင့်ကောင်းယူတယ်လို့တော့ မမြင်စေချင်ပါဘူး အစ်မမေနန်းခ .....ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သွန်းဆက်ကဘာမှမသိပါဘူး အစ်မ အဲ့ဒါ..." ပိုးထည်စကားမဆုံးသေးခင် မေနန်းခကဖြတ်ပြောလိုက်သည်။ "စကားဖြတ်ပြောပါရစေ..အစ်မက ဒီဆိုင်က ဘယ်သူနဲ့ရင်းရင်းနှီးနှီးစကားပြောတာ ပိုးထည်မြင်ဖူးလဲ " ခကပိုးထည်အားကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ "ရှင်..မမြင်ဖူးပါဘူး အစ်မ" ပိုးထည်လည်း မေနန်းခဘာကိုဆိုလိုသည်ကို နားမလည်သောကြောင့် ကြောင်အမ်းအမ်းသာဖြစ်နေသည်။
" အင်း ဒါပေမယ့် ပိုးထည်နဲ့စကားပြောတယ်ဆိုတာလည်း ပိုးထည်သိတယ်နော်"

"ဟုတ် အစ်မ သိပါတယ်" ပိုးထည်ကပြန်ဖြေလိုက်သည်။

" အင်းအဲ့ဒါ ဘာလို့ဆိုတာရော ပိုးထည်သိလား"

"ရှင် မသိပါဘူး အစ်မ"

" အစ်မ ပိုးထည်ရဲ့အရည်အချင်းကိုသိလို့လေ ..အဲ့ဒါတွေထားပါ ..အစ်မရဲ့အကူအညီနဲ့ ကုမ္ပဏီကိုဝင်လာတာမျိုးတော့ မဖြစ်စေချင်တာမို့လို့ auditionတော့ လာဖြေကြပေါ့ ပိုးထည်ရော ပိုးထည်သူငယ်ချင်းရော ရှေ့လ ၅ရက်နေ့လေ" မေနန်းခကပြုံး၍ပြောကာ ပိုက်ဆံအိတ်ယူပြီး ပြန်တော့မည့်ဟန်ပြင်လိုက်သည်။

ထိုအချိန်မှ စကားစလိုက်သူမှာ နန်းခက်မွှေးဖြစ်သည်။ " မင်းတို့က ခနားကို အစောကတည်းက ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ခဲ့တာပဲ " "မင်းတို့ဘာလိုချင်တာလဲ" ပိုးထည်နှင့် သွန်းဆက်ကို မျက်လုံးရဲရဲဖြင့်စိုက်ကြည့်ပြီး ပြောလိုက်သည်။

" ဒီမှာရှင့် ပိုးထည်ကိုအဲ့လိုပြောစရာမလိုပါဘူး သွန်းဆက်တို့ကလည်း အဲ့လိုမျိုးလုပ်ရ လောက်တဲ့အထိအချိန်တွေအားမနေပါဘူး" သွန်းဆက်မှ ပြန်ပြောလိုက်ခြင်းဖြစ်သည်။ သွန်းဆက် သူမရှေ့မှာ ဒီလိုအစော်ကားမခံနိုင်ပါ။ သူမ၏ရှေ့တွင် ဒီလိုပုံစံကိုမမြင်စေချင်သော်လည်း သွန်းဆက်၏သိက္ခာကိုထိခိုက်လာရင်တော့ ငြိမ်ခံနေလို့မဖြစ်တော့။

You are my sunshine {On Hiatus}Where stories live. Discover now