(Righteous love)ep2(U & Z)

40 8 2
                                    

ရောက်လာတဲ့ရာမန်နှစ်ပွဲကိုယူကာအီဒတစ်ယောက်အချုပ်ခန်းထဲဝင်သွားကာအာအိုးခိနားသွားထိုင်သည်
"ရော့"

"ကျေးဇူးအထူးတင်ပါတယ်ဦးရဲကြီး"
နေ့လည်စာတောင်မစားရသေးတဲ့အာအိုးခိတစ်ယောက်ရာမန်ကိုပါးဖောင်းအောင်စားနေသည်

"မင်းနာမည်က...ဘာ?"

"အာအိုးခီ....အာအိုးခီလို့ခေါ်ပါတယ် "

"အော်......မင်းကတကယ်ပဲသတင်းထောက်လား"

"တကယ်ပါဦးရဲကြီးရယ်......ကျွန်တော်အဲ့အမှုကိုလည်းတကယ်စိတ်ဝင်စားတာပါ...တရားခံကိုလည်းအရမ်းသိချင်တယ် ကလေးတစ်ယောက်ကိုဘယ်လိုစိတ်နဲ့များအကြမ်းဖက်နှိပ်စက်နိုင်ရတာလဲဆိုတာ....ကျွန်တော်ထင်တယ်သိလားအဲ့လူကမကောင်းဆိုးဝါးကြီးဖြစ်မယ်လို့"

"အီဒ"

"ဟင်?"

"ငါ့နာမည်က..အီဒ....ဦးရဲကြီးလို့ခေါ်စရာမလိုဘူး"

"အီ..အီဒ.....ommအီဒ"

"ဒီညတော့အချုပ်ထဲမှာနေလိုက်ပါ..မနက်ဖြန်ပြန်လွှတ်ပေးမယ်"

"ဟင့်!!!!!တကယ်လား!!!!!!"

"တကယ်...ခေါက်ဆွဲတော်ပြီလား"

"ဟင့်အင်း"အာအိုးခိတစ်ယောက်အတော်ပျော်နေသည်...သူမနက်ဖြန်လွှတ်တော့မယ်
"ဟိုဦးရဲ မဟုတ်  အီဒ မင်းကဘာလို့လွှတ်ပေးတာလဲ....ခုနကပြောတာကျ...၄၈နာရီ"

"ငါပြောတာအချုပ်ထဲကပဲလွှတ်ပေးမယ်ပြောတာ...ငါ့မျက်စီရှေ့ကလွှတ်ပေးမယ်လို့မပြောဘူး....မင်းကိုငါ့ဆက်စောင့်ကြည့်မှာ"

သူကိုအခုထိမယုံသေးတာပဲလို့အာအိုးခိတွေးမိတယ်...ဒါပင်မဲ့အချုပ်ခန်းထဲမှာနေရတာထက်သက်သာပါတယ်

~~~~~~~~~~~~
"အာအိုးခိ...အာအိုးခိ"

အချုပ်ခန်းကိုသူ့အိမ်သူရာလိုကုလားသေကုလားမောအိပ်နေတဲ့အာအိုးခိကိုအီဒနှိုးရင်စိတ်ညစ်နေပါပြီ သူနှိုးနေတာအတော်ကြာနေပြီအခုခိမနိုးသေးဘူး...အခြားအချုပ်သားဆိုရင်တော်ရေပတ်ပြီးနှိုးမိမလားမသိပင်မဲ့ဒီကောင်လေးကိုတော့သူမလုပ်ရက်...ဘာလို့မှန်းလည်းသူမသိ

Righteous loveTempat cerita menjadi hidup. Temukan sekarang