Final episode ❤♦

47 8 1
                                    

"အကိုထီရန်နဲ့အကိုဖူဖာကလက်ထက်ထားတာဆို"(Japan)

စျေးတွေဝယ်ပြီဆိုင်တစ်ဆိုင်မှာခဏထိုင်နားနေကြစဥ်ရုတ်တရက်ထမေးတဲ့အာအိုးခိရဲ့မေးခွန်းကြောင့်ထီရန်ကရယ်လိုက်တယ်

"ဘာလို့လဲအာအိုးခိကကျွန်တော်တို့ကိုအထင်သေးသွားတာလား "

"မ မဟုတ်ပါဘူး မဟုတ်ပါဘူး အကိုထီရန်နဲ့ဖူဖာကအရမ်းလိုက်ကြတယ်နော် အကိုဖူဖာကလည်းအကိုထီရန်ကိုအရမ်းချစ်တဲ့ပုံနော်"

ထီရန်ရဲ့ပါးလေးတွေမသိမသာရဲလာတယ်
"ဟုတ်တယ် ဟွန်းနာကကိုယ့်ကိုအရမ်းချစ်တဲ့သူနဲ့အတူအမြဲအတူလာနေ့ဖို့ဆုံးဖြတ်လိုက်တုန်းကသူအရမ်းပျော်သွားတာ နောက်ပြီသူကထက်မေးမယ်တယ်လေ တကယ်လားတဲ့ မုသာဝါဒကိုထီရန်ကဘယ်သောအခါမှဖူဖာအပေါ်မကျူးလွန်ပါလို့ပြောလိုက်တော့သူအရမ်းပျော်ပြီကိုယ့်ကိုဖက်လာတယ် သူခဏခဏပြောတယ် ကိုယ့်ကိုအရမ်းချစ်တယ်တဲ့"

တက်ကြွစွာပြောလာတဲ့ထီရန်ကြောင့်အာအိုးခိနဲ့ဟာရှီမိုတိုစံကပြုံးကာနားထောင်နေခဲ့တယ် နောက်ပြီသူတို့တွေးမိတယ် အချစ်တစ်ခုမှာကျားနဲ့မသာတည်မြဲနိုင်တာမဟုတ်ဘူးပဲကိုယ်ချစ်တဲ့လူတကယ်စစ်မှန်ရင်တည်မြဲနိုင်တယ်ဆိုတာ တကယ်ချစ်ကြတဲ့လူနှစ်ယောက်မှာကျားတွေမတွေကအရေးမရှိပါဘူး တကယ်ချစ်ကြဖို့ပဲအရေးကြီးတာပဲ

"ထီရန်ကတကယ်ကံကောင်းတာပဲနော်..."

အာအိုးခိစကားကြောင့်ထီရန်ပြုံးရယ်လိုက်တယ် အင်းဟုတ်တယ် သူကတကယ်ကံကောင်းတဲ့ကောင်လေးတစ်ယောက်ပါ

"ပြန်ကြရအောင်ခဏနေမှောင်စပြုလာတော့မှာ "

အာအိုးခိတို့သုံးယောက်ဟာစားသောက်ထားတာတွေရှင်းပြီးပြန်လာခဲ့တယ် သူတို့အခုရွာဝင်ရောက်ရန်တစ်မိုင်လောက်သာလိုတော့သူမှောင်ရီလည်းစလာပြီဖြစ်သည်
ထိုအချိန်ရုတ်တရက်အာအိုးခိတို့ဆိုင်ကယ်ရှေ့လူတစ်စုကပိတ်ရပ်လာတာကြောင့်ဆိုင်ကယ်နှစ်စီးလုံးဘရိတ်အမြန်အုပ်လိုက်ရတယ်

"အကိုထီရန်"

မူမမှန်တာသိတဲ့ထီရန်ကဆိုင်ကယ်ပေါ်ကဆင်းပြီအာအိုးခိနဲ့ဟာရှီမိုတိုစံတို့ဘေးနာမှာရပ်နေခဲ့တယ်

You've reached the end of published parts.

⏰ Last updated: Jan 05, 2022 ⏰

Add this story to your Library to get notified about new parts!

Righteous loveWhere stories live. Discover now