အခန်း (၂)

20 2 0
                                    

Unicode

"ကွင်းနဲ့နေတာ ဘယ်လိုလဲ ဘယ်လိုလဲ"

စပ်စုတဲ့သူငယ်ချင်းကို သူ စိတ်မကြည်သလို တစ်ချက်ကြည့်လိုက်တယ်။ သူငယ်ချင်းက သူ့ကို လေးစားတဲ့ မျက်လုံးရွဲကြီးနဲ့ ကြည့်နေတော့ ရုတ်တရက် သူ့မှာ နေမထိထိုင်မသာဖြစ်သွားခဲ့ရ။

"ကောင်းတယ်..."

အနေခက်သလိုနဲ့ နှစ်လုံးတည်းဖြေလိုက်တာဆိုပေမဲ့ သူနဲ့ဝေးရဲ့ အပေးအယူမျှခဲ့မှုတွေက စကားနဲ့မဆိုနိုင်လောက်အောင်ပဲရယ်။

"ဟင် ဒါပဲလား"

"ဘယ်တုန်းက မင်းက ဒီကိစ္စတွေကို သိပ်စိတ်ဝင်စားသွားရတာလဲ မင်းစိတ်ဝင်စားပေမဲ့ ငါက ဒါတွေကိုအရသာခံပြောရတာ သဘောမကျဘူး ဟေ့ကောင်"

"နိုးနိုး ငါလူတိုင်းကိစ္စကို စိတ်မဝင်စားပါဘူး... မင်းနဲ့ကွင်းဖြစ်နေလို့ပါပဲ။ ဘာလို့ဆို ကွင်းက လူသစ်တွေနဲ့ မအိပ်တတ်ဘူးလေ... သူက လူတကာနဲ့ လိုက်တယ်ဆိုပေမဲ့ သူ့မှာ စည်းမျဉ်းတွေ အများကြီးရှိတယ်"

"ဪ..."

ရေနွေးတစ်ခွက် သူကောက်မော့လိုက်တော့ သူငယ်ချင်းဖြစ်သူက သူ့ ထိမ်ချန်ထားမှုတွေအတွက် အပြစ်တင်ချင်နေတဲ့ ပုံမျိုးနဲ့။ သူ တကယ်ပဲ ကွင်းက ဘယ်လောက်အမောခံနိုင်တယ်နဲ့ သူတို့ကြားက ကောင်းခဲ့မှုတွေကို စားမြုံ့မပြန်ချင်ပါဘူး။

"သူ့နာမည် သိခွင့်ရခဲ့တယ်ဆိုရင် ဒါက အခြေအနေကောင်းတယ်ဆိုမလား"

သူငယ်ချင်းရဲ့ သိပ်သိချင်နေတဲ့မျက်နှာကြောင့် သူ့စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရတယ်။ တကယ်ဆိုရင် ဝေးနဲ့သူ တွေ့ဖြစ်တာက ဒီကောင့်ကျေးဇူးကြောင့်ပဲလေ။ ဒီကောင်သာ သူ့ကို ဝေးအမြဲရှိတတ်တဲ့ဘားကို မခေါ်သွားခဲ့ဘူးဆိုရင် သူတို့တွေက တွေ့ဖြစ်ကြလိမ့်မှာ မဟုတ်ဘူး။ ဒါကြောင့် သူငယ်ချင်းကို နည်းနည်းလေးလောက် ပြောပြဖို့အတွက် တွေးလိုက်ပြီး ပြောပြဖြစ်လိုက်တာ။

"တ... တကယ်လား"

ပါးစပ်ထဲက ရေနွေးတွေ ခွက်ထဲပြန်ကျသွားတာကို ကြည့်ရင်တော့ သူက Jack Pot ကို ထိသွားပုံပါပဲ။

Dostali jste se na konec publikovaných kapitol.

⏰ Poslední aktualizace: Dec 12, 2021 ⏰

Přidej si tento příběh do své knihovny, abys byl/a informován/a o nových kapitolách!

Metanoia Kde žijí příběhy. Začni objevovat