ကြွေလွင့်ခဲ့သော~~~ဆောင်း❄️(ပထမပိုင်း)

53 4 0
                                    

Unicode
ကျွန်တော့်မှာ ကြိတ်ချစ်နေရတဲ့ သူတစ်ယောက်ရှိတယ်။ Crushပေါ့ဗျာ။
ကျွန်တော် ကိုးတန်းနှစ်ထဲက သူ့ကိုချစ်ခဲ့ရတာ အခု တက္ကသိုလ်တက်တဲ့အထိပဲ။ ကျွန်တော့်အချစ်ကို ဝန်ခံခဲ့ပေမဲ့ သူလက်မခံခဲ့ဘူး။ သူငယ်ချင်းတွေကြားမှာ အရောင်တွေ အစွန်းမခံနိုင်ဘူးတဲ့။ ဒါပေမဲ့ သူမသိတာက ကျွန်တော့်အချစ်တွေက အဖြူရောင်သက်သက်ပဲဆိုတာ~~~
ကျွန်တော်တို့ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဆဲပဲ။ သူငယ်ချင်းကောင်းတွေအဖြစ်နဲ့ လိုင်းပေါ်မှာ စကားတွေပြောကြတယ် အတူရယ်မောကြတယ် အတူတူfeelကြတယ်~~~

ဒါပေမဲ့ အခုတလော သူနဲ့ကျွန်တော် စကားသိပ်မပြောဖြစ်ဘူး~~~
သူနဲ့ စကားမပြောဖြစ်တာ သုံးရက်ရှိပီ
ကျွန်တော် သူ့ကိုစကားသွားပြောပေမဲ့ သူ့ဘက်က ပြန်စာမလာခဲ့ဘူး seenတောင်မပြခဲ့ဘူး ဒီလိုနဲ့ ငါးရက်ရှိသွားပီ သူ့ဆီက စာမလာတာ~~~

သူစာမပို့ပေမဲ့ ကျနော်ကတော့ သူ့ဆီ စာတွေပို့နေတုန်းပဲ notiတက်လာရင် သူစာပြန်တာလားလို့ အပြေးဖွင့်ကြည့်မိတယ် ဒါပေမဲ့ သူ့ဘက်က အေးဆေးတည်ငြိမ်လို့~~~

ကျွန်တော်အရမ်းဝမ်းနဲမိတယ်🍂
ကျွန်တော် မနေနိုင်တဲ့အဆုံးသူ့wallထဲ ဝင်ကြည့်မိတယ်

သေစမ်း!!!

သူ့wallထဲမှာ သူ့ကောင်မလေးပုံတွေနဲ့ ပြည့်နေတယ် သူတို့အပြန်အလှန် ကျီစယ်ထားတဲ့ပုံတွေတင်ထားတယ် သူ့ကောင်မလေးကို ဘယ်လောက်ချစ်ကြောင်း postတွေတင်ထားတယ် commantတွေထဲမှာ သူ့ကောင်မလေးနဲ့ သူနဲ့ အပြန်အလှန် စနောက်ထားကြတယ်~~~
ကျွန်တော့်ရဲ့ နှလုံးသားတစ်နေရာက တဆစ်ဆစ်နဲ့ ဆူးပီးနာလာတယ် ကျွန်တော့်မျက်ရည်တွေက အတားအဆီးမဲ့စွာ စီးကျလာတယ်~~~

တကယ်တော့ ကျွန်တော်ကသာ သူ့ကို အမြဲဂရုစိုက်ပေးနေခဲ့တာ အမြဲပျော်ရွှင်အောင် လုပ်ပေးခဲ့တာ ဒါတွေ သူမမြင်နိုင်ခဲ့တာ အရမ်းဝမ်းနဲတယ်🍂

ကျွန်တော် အိပ်ရာပေါ်လှဲချလိုက်ပီး မျက်လုံးကို လက်နဲဘ အုပ်ထားလိုက်တယ် မျက်ရည်တွေက အဆုံးအစမရှိ စီးဆင်းနေတုန်းပဲ ~~~

ဒီနှစ်ဆောင်းက ကျွန်တော့် နှလုံးသားကို အစိမ်းလိုက်ခွဲခဲ့ပီ💔
ကျွန်တော့်ဘေးမှာ သူ့ကိုနှစ်တိုင်းပေးနေကျ ခရစ်စမတ် လက်ဆောင်လေးက ငြိမ်သက်လျက်~~~

ဒီနှစ်တော့ ကျွန်တော် သူ့ကို ပေးဖြစ်မယ်မထင်တော့~~~💔❄️

ဆက်ရန်>>>>>>>>

Zawgyi code











ကြွေလွင့်ခဲ့သော~~~ဆောင်း❄️❄️❄️(Complete)Where stories live. Discover now