️(ဒုတိယပိုင်း-ဇာတ်သိမ်းပိုင်း)

27 2 3
                                    

Unicode
အချိန်ကာလတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ~~~
သူ့အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ မေတ္တာတရားတွေက ပျက်ပြယ်သွားခြင်း မရှိပါဘူး သူမသုံးတော့တဲ့ သူ့ရဲ့accအဟောင်းလေးကို ခဏခဏ သွားကြည့်မိတယ် ကျွန်တော်တို့ရဲ့ conversationအဟောင်းလေးကိုလဲ ကျွန်တော် ခဏခဏပြန်ဖတ်မိတယ် စာတွေလဲ ခဏခဏ ပို့ဖြစ်တယ် အချိန်တွေဟာ ကုန်မှန်းမသိ ကုန်ဆုံးရင်း ၂နှစ်ဆိုတဲ့ကာလကို ရောက်လာခဲ့ပီ အခုဆို ကျွန်တော့်ကိုယ်ပိုင် စီးပွားရေးနဲ့ ကျွန်တော့်ခြေထောက်ပေါ် ကျွန်တော်ရပ်တည်နိုင်နေပီ အရင်ကထက်လဲ ကျွန်တော် ပိုရင့်ကျက်လာခဲ့ပီ

ဒါပေမဲ့ ကျွန်တော်သူ့ကို အရင်လို ချစ်နေဆဲပဲ~~~
အရာရာပြောင်းလဲသွားပေမဲ့ ကျွန်တော့်ချစ်ခြင်းတွေက မပြောင်းလဲခဲ့ပါဘူး ~~~

သူကတော့ အခုဘယ်ဆီရောက်နေလဲ ကျွန်တော်မသိ။ အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေဦးမလား။ ကျွန်တော်သူ့ဆီ ဖုန်းတွေဆက်နေပေမဲ့လဲ ဘာအဖြေမှ ပြန်မရခဲ့ဘူး ကျွန်တော်ရခဲ့တဲ့ တစ်ခုထဲသောအဖြေက 'ဆက်သွယ်မှု ဧရိယာပြင်ပ´တဲ့~

ဟူး~~~ဒီနှစ်ဆောင်းမှာလဲ အရင်လိုပဲ ကျွန်တော်သူ့ကို လွမ်းနေရဦးမယ်~~~
>>>>>>>>>>>>>>>>
'မင်္ဂလာဆောင်ဖိတ်စာ´~~~
ကျွန်တော့်အိမ်ကို သူ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာ ရောက်လာခဲ့တယ်~~~
အေးစက်နေတဲ့ ဆောင်းမှာ ငါ့နှလုံးသားကို ရေခဲလို အစိတ်စိတ် အမွှာမွှာ ခွဲလိုက်သလိုပင်~~~
ဆောင်းမှာနှစ်ခါ အသဲကွဲရတဲ့လူသား ကျွန်တော်တစ်ယောက်ပဲ ရှိလိမ့်ဦးမည်

ဟက်! ဘာတဲ့! သူ့မင်္ဂလာပွဲမှာ ကျွန်တော်က သတို့သားအရံ လုပ်ရဦးမယ်တဲ့~~~
ရက်စက်တယ်လို့တောင် ပြောမထွက်ခဲပါဘူး ဆွေးရယ်~~~
မင်းသာ ပျော်မယ်ဆိုရင် ငါ့နှလုံးသားတစ်ခုလုံး ချနင်းခံရရင်တောင် ငါမင်းပျော်ရွှင်မှုကို ဖြည့်ဆည်းပေးမှာပါ~~~

ဒီတစ်သက်တော့ ငါ့နှလုံးသားလေး ပြန်ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့~~~
****************
ကျွန်တော်နောက်ကျနေသဖြင့် မင်္ဂလာပွဲမှီအောင် တက္ကစီစီးလာခဲ့သည်။ နောက်ကျနေပါတယ်ဆိုမှ အရေးထဲ ကားလာပိတ်နေသေးသည်။ ကျွန်တော် ကားပေါ်မှဆင်းကာ ကားတွေကြားထဲ တိုးဝှေ့နေမိသည်။
လူကူးမျဥ်းကြားပေါ်မှ ဖြတ်ကူးလိုက်စဥ် ရုတ်တရက် ကျွန်တော့်ခန္ဓာကိုယ် လေထဲလွင့်သွားသည်။ လက်ထဲက အဖြူရောင်နှင်းဆီတွေကလဲ လေထဲမှာလွင့်ပျံလျက် ~~~
မင်္ဂလာလက်ဖွဲ့ဘူးလေးက ကျွန်တော့်ဘေးမှာ မှောက်လျက်သားလေး~~~
ကျနော်ကိုယ်တိုင် ထိုးထားတဲ့ အဖြူရောင်မာဖလာလေးက ရဲရဲတောက် အနီတွေစွန်းလျက်~~~
ကျွန်တော့်ခန္ဓာကိုယ်လေးက မြေပြင်ပေါ်မှာ မလှုပ်မယှက်~~~
ကျွန်တော့်မြင်ကွင်းထဲ ပေါ်လာတာက သူ~~~
သူက အဖြူရောင် သတို့သားဝတ်စုံကို ဆင်မြန်းထားတယ် ကျွန်တော့်ကို သူ့ဆီလာဖို့ လက်ပြခေါ်နေတယ် ကျွန်တော်လဲနေရာကနေ သူ့ဆီအပြေးထသွားမိတယ် ~~~
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးက ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို နောက်ခံထားပီး မွှေးပျံ့နေတဲ့ ရောင်စုံပန်းခင်းကြီးထဲမှာ လက်ချင်းတွဲလျက်~~~

You've reached the end of published parts.

⏰ Last updated: Aug 01, 2022 ⏰

Add this story to your Library to get notified about new parts!

ကြွေလွင့်ခဲ့သော~~~ဆောင်း❄️❄️❄️(Complete)Where stories live. Discover now