အပိုင်း၄

2.9K 94 9
                                    

သူမက လုံးဝကိုပြောင်းလဲသွားတာ

နှင်းထုခဲလို့ ဖြူလွှနေသည့် အိပ်ယာထပ်တွင်
ဂျွန်စမစ်သည်  Marlboro တစ်လိပ်ကို လက်ညိုးနှစ်ချောင်းကြားညှပ်ကာ သူ့၏ အတွေးများကို ဖြန့်ကျက်နေတော့သည်။

နက်ပြာရောင် ရှိသော bathrobeကို ရော့တိရော့ရွဲဝတ်ဆင်ထားပြီး ပေါ်လွင်နေသော သူ့၏ ကြွက်သားအဖုအထစ်များသည်
မည်မျှထိ အားကစားလုပ်ထားသည်ကို ဖော်ပြနေတော့သည်။

ခေါင်းအုန်းကိုလက်ထောက်ကာမှီထားပြီး
သူ့၏ ခြေတစ်ချောင်းကိုလည်း အိပ်ရာထက်တွင်ထောက်ထားသော ပုံစံသည် မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သော၊
ဘုရင်တစ်ယောက်၏ မာန်မာန သူ့ထံတွင်
အပြည့်အဝ ကိန်းအောင်းနေပုံပေါ်သည်။

Marlboroကို တစ်ချက် ရှိုက်လိုက်ချိန် 
အငွေ့များက သူ့၏ နှာခေါင်း နှင့် ပါးစပ်မှ လှိုင်လှိုက်ထွက်လာတော့သည်။

ထိုလူ၏ ဘေးတွင် သူ့၏ ယူယုံဖြစ်သော
ဆန်ဒိုမီရယ်သည် ဝတ်စုံ အပြည့်အစုံနှင့် ဖြစ်ကာ  မတ်တပ်ရပ်နေခဲ့သည်။

"မနေ့က ဟောင်ကောင်ကနေ ဆက်သွယ်လာတယ် သခင်...
ဒီနေ့ညချင်း လေယဥ်နဲ့ဆင်းရမယ်.."

ဂျွန်စမစ်သည် စီးကရက်ကို တစ်ချက်ဖွာလိုက်ပြီး အိပ်ရာဘေးက ခုံပေါ်တွင် အသင့်ငှဲ့ထားသော vodkaတစ်ခွက်ကို မော့သောက်လိုက်တော့သည်။

သူသည်ဖန်ခွက်ကို ကစားလျက်မျက်လုံးများကိုမှေးစင်းထားကာ ဆန်ဒိုမိီရယ်၏ စကားကို လျစ်လျှူရှုနေတော့သည်။

"သူမ ဘယ်လိုနေသေးလဲ .."

အလိုက်သိသော ဆန်ဒိုမီရယ်သည် သူ့သခင်၏ မေးခွန်းကို  ကြောင်  အ ခြင်းမရှိဘဲလျှင်မြန်စွာနှင့်ဖြေကြားလိုက်တော့သည်။

"သူမ ဒီမနက်ကဘဲ သတိရလာပါပြီ သခင်မလေး အေရယ် က မနက်စာ ကျွေးနေပါတယ်"

သူ၏ မျက်နှာထက်တွင် မည်သည့် အကြောင်းအရာမှ ဖော်ပြခြင်းမရှိဘဲ ပကတိ တည်ငြိမ်နေတော့သည်။
အေးဆက်ဆက် သူ့၏ မျက်နှာထားက
သူဘာအလိုရှိနေသည်ကို မည်သူမျှလုံးဝ
မခန့်မှန်းနိုင်။

A melody from the dark side Where stories live. Discover now