မိုးသားတိမ်စိုင်တွေမဲမဲမှောင်နေတဲ့ညနေခင်းဟာပုံမှန်ထက်ပိုပြီးမှောင်မဲနေခဲ့သော်လည်းရွာအံဆဲဆဲပြိုကျတော့မဲ့မိုးကို..
မိုးဖြူမစဲ...မိုးမဲမရွာ
သေချာတယ်ဒီမိုးဟာမဲမှောင်နေယုံကလွဲရင်မရွာလောက်ဘူးကို့ဘာကိုလိုရာဆွဲတွေးအားပေးရင်းနဲ့ပဲကားမှတ်တိုင်ကနေသုတ်သုတ်လျှောက်လာခဲ့သည်
" ဒီနေ့ကျမှအကျီအဖြူဝတ်မိရသလားကွာ "
သူမတစ်ယောက်ထဲစိတ်ပျက်စွာညီးညူနေမိသည်" ဝေါ "
အငြိုးနဲ့ပြိုကျလာသည့်ကိုရွှေမိုးကိုပဲသူမအပြစ်တင်ရမလားမိုးရာသီမှာထီးယူဖို့အမြဲမေ့တက်တဲ့ဦးနှောက်ကြောင့် အခုတော့မိုးရေထဲပြေးရမလို...
ဆက်လျှောက်ရမလိုနှင့်လူကဗျာများသွားသည် အစွမ်းကုန်ရွာချနေသည့်မိုးကြောင့်တခနအတွင်းတကိုယ်လုံးစိုရွဲသွားချေပြီ" ဒုက္ခပါပဲ "
ဒီပုံစံနှင့်ဘယ်လိုမှဆက်လျှောက်သွားဖို့ယုံကြည်ချက်မရှိတော့ပါ အဖြူရောင်အကျီကလေးဟာ မိုးစက်တွေရဲ့ထိတွေ့မှု့ကြောင့်ခန္ဓာကိုယ်မှာပြေးကပ်ကာ...
ပါးပါးကပ်ကပ်ဖြစ်နေချေပြီ...စိတ်လုံခြုံမှု့မရှိသည့်အဆုံး.....
သူမ ဘေးဘီဝဲယာကြည့်မိတော့ ဒီနေ့မှအိမ်သို့ဝင်သည့်လမ်းတလျှောက် ရှင်းလင်းနေပုံကဖြတ်သွားသည့်ကားပင်မရှိ....
ခါတိုင်းလူစည်နေတက်သည့်လမ်းဘေးအသုတ်ဆိုင်တဲကလေးဟာ ဒီနေ့မှပိတ်ထားသည်မို့အဆိုးထဲကအကောင်းမိုးခနခိုဖို့အဖြစ်ဆောက်ထားသည့်တဲကလေးစီခနဝက်လိုက်သည်...
ဘာဆက်လုပ်ရမှန်းမသိသည့်တိုင်ခနတော့မိုးခိုရင်စဥ်းစားရမည်မဟုတ်လား....
" ဒီနေ့ကျမှမိုးကလဲကောင်းနေလိုက်ကွာ "
မှောင်ကျလာသည့်ပတ်ဝန်းကျင်ကြောင့်အနည်းငယ်ကြောက်ရွံ့လာမိသော်လည်း
ဆက်သွားရမလားမိုးပဲခိုနေရမလားဒွ်ိဟတွေများနေစဥ်ပင်
![](https://img.wattpad.com/cover/294596576-288-k352366.jpg)
YOU ARE READING
ဒီမောင်...ထံပါး
Romanceခပ်ဆိုးဆိုးကောင်ကလေးနဲ့ ရင့်ကျက်တဲ့မမ တို့ရဲ့အချစ်ဇာတ်လမ်းလေး.....