4

1.4K 50 44
                                    

မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေနဲ့အတူမကြာခဏတွေးမိတဲ့မင်းအကြောင်းတွေပါသွားရင်ကောင်းမယ်...

မျက်နှာကိုသိသွားတဲ့နောက်....

မင်းနောက်ကိုအရင်လိုလိုက်ခွင့်မရတော့တာဆိုးတယ်..ဘာမှမပတ်သတ်တဲ့လူနှစ်ယောက်မို့...မင်းအနားမှာဘောင်ကျော်ပြ်ိီးကပ်နေခွင့်လဲရှိမနေတော့ပြန်ဘူး.....

အဆင်ပြေနေရဲ့လား....
ကားကြပ်ကြပ်တွေတိုးစီးနေမလား...
မိုးရွာထဲမှာထီးမပါပဲပြေးနေအုန်းမလား....
ဒါမှမဟုတ်မင်းအဖေအကြောင်းတွေးရင်း..
မင်းများငိုနေအုန်းမလား....

ကျွန်တော်တကယ်ပဲသိချင်မိတယ်....

မိန်းကလေးတယောက်ကိုအတင်းရောပြီးအနားကပ်ရအောင်အထိလဲ...ကျွန်တော့မာနကလက်မခံနိုင်ပြန်ဘူး...
မင်းကိုမတွေ့ရတဲ့ရက်တွေ....
မင်းနောက်လိုက်လို့မရတော့တဲ့ရက်တွေမှာ...

ကျွန်တော်ဟာ စီးကရက်တွေနဲ့အဖော်ပြုရင်းလှိမ့်ပိတ်သောက်နေမိတယ်...Social Media ကနေ...

မင်းအဖေသက်သာရဲ့လား...
ဆိုတဲ့စာလေးတကြောင်းတောင်ပို့ဖို့တွေဝေနေတဲ့ကျွန်တော်ရဲ့အပြစ်ဒဏ်ပဲထင်ပါရဲ့...

ခံရခက်လိုက်တာ.....မင်းတော့သိမယ်မထင်ဘူး

ရှင်အခုလော... အဆင်ပြေတယ်မဟုတ်လား

လွမ်းနေတုန်းမှာတိုက်တိုက်ဆိုင်ဆိုင်ဝင်လာတဲ့သူမစာလေးဟာတောက်လျှောက်လှိမ့်ပိန့်လာသမျှအနာတွေကိုသက်သာစေသတဲ့လား.........သူမစာလေးကိုပြုံးပြီးထိုင်ကြည့်နေမိတာအချိန်အတော်ကြာလေသည်....

" ဒီ "

သူ့အကျီကိုကောက်စွတ်ထားသည့်ခပ်ဟော့ဟော့အမျိူးသမီးဟာ...
ဝရံ့တာမှာထိုင်နေသည့်သူ့ရဲ့ကျောပြင်တွေကိုအနောက်ကနေသိုင်းဖတ်လာရင်း...
ပါးတွေကိုပွတ်သတ်နမ်းရှိုက်နေပြန်သည်....

အရင်က...ပျော်ချင်လို့ မိန်းမတွေနဲ့တွဲသည်
အခုကျတော့...သူမကိုထူးထူးခြားခြားသတိရမိတိုင်းအထီးကျန်သလိုစိတ်ခံစာစချက်ကိုဖြေဖျောက်ဖို့သူတို့တွေနဲ့တွဲတယ်...

ဒီမောင်...ထံပါးWhere stories live. Discover now