1.6

225 49 7
                                    

C7
ရှင်းယန်ကြောင်အသွားတယ်။ဒီမတိုင်ခင်က သူ့ကိုဝန်ခံလာတဲ့သူတွေအများကြီးရှိခဲ့ဖူးတယ်။ယောက်ျားမိန်းမမရွေးပေါ့။သို့ပေသိ ဒီလူရဲ့ဝန်ခံမှုက သူ့ကို ပရမ်းပတာအခြေအနေကြီးထဲပစ်ချလိုက်သလိုပါပဲ။သို့သော်လဲ မစ်ရှင်က ၉၅ရာခိုင်နှုန်းထိရောက်နေပြီ။သူထွက်ခွာသွားတဲ့အချိန်ကျရင် နန်ကောချန်ကိုဘယ်လိုလုပ်မလဲ။

"System ရေ မစ်ရှင်ပြီးသွားရင် ငါနေလို့ရသေးလား"

[ရတယ်ရတယ်ရတယ်။ဒီကမ္ဘာမှာ မင်းမသေသေးသ၍နေလို့ရတယ်။ဒါပေမယ့် ပွိုင့် ငါးရာ]

"ဒါဆို မစ်ရှင်ပြီးရင်ပွိုင့်ဘယ်လောက်ရမှာလဲ"

[1000]

"ကောင်းပြီ ။မစ်ရှင်ပြီးသွားရင် ငါနေဖို့ ရွေးမယ်။သူ့ဘေးနားမှာ"

နန်ကောချန်က သူ့မျက်လုံးတွေကိုကြည့်နေတာမြင်တော့ ရှင်းယန်က ညင်ညင်သာသာရယ်မောလိုက်တယ်။
မျက်ဝန်းတွေက အရူးလုပ်လို့မရဘူးဘဲ။

တံခါးပိတ်ပြီးသွားတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ရှင်းရွှီကိုသူတွေ့လိုက်ရတယ်။
သူက သူဝင်လာတာမြင်တော့ သူ့ကိုကြည့်လာပြီး
"အဲ့ဒီ နနိမိသားစုက သခင်လေးနဲ့မင်းက ဘယ်လိုဆက်ဆံရေးမျိုးလဲ"

ရှင်းက သူ့ကိုအေးစက်တဲ့အမူအရာနဲ့ပြန်ကြည့်လိုက်ပြီး
"ခဗျားအပူဘာပါလို့လဲ"

ရှင်းယန်က သူ့ကိုချန်ထားခဲ့ကာ အပေါ်တက္မလို့ပြင်လိုက်တယ်။

"အဲ့ဒီ နန်မိသားစုကသခင်လေးက မင်းကို စိတ်ရင်းအမှန်နဲ့ဆက်ဆံနေတာလို့မင်းထင်နေတာလား။"
ရှင်းရွှီပြောလိုက်တယ်။

ရှင်းယန်က ပြုံးလိုက်ပြီး ရွဲ့တဲ့လေသံနဲ့ "ခဗျားနဲ့ဘာမှမဆိုင်ဘူး"လို့ပြောလိုက်တယ်။

"ဒါဆိုလဲ ခုတလောဖြစ်နေတဲ့နန်မိသားစုရဲ့အပြိုင်အဆိုင်တွေရောမင်းသိရဲ့လား"


‌ရှင်းယန်က သူ့ကိုလစ်လျူရှုလိုက်ကာ အခန်းတံခါးပိတ်ပစ်လိုက်တော့တယ်။
သွေးခွဲချင်နေတယ်ပေါ့လေ။ဟမ့်..နန်ကောချန်ခံစားချက်တွေက လုံးဝအတုအယောင်မဟုတ်ဘူး။ဘာလို့လဲဆိုတော့ ငါ့မှာမစ်ရှင်ရှိတယ်လေ။လူတွေကသာလိမ်ရင်လိမ်ကြလိမ့်မယ်။systemရဲ့data​​ေတွကတော့ လုံးဝလုံးဝအတုအယောင်မဟုတ်ဘူး။
(System အားကိုးနဲ့)

Boss's T-strategy[ဘာသာပြန်]Where stories live. Discover now