C 8

306 41 4
                                    

C 8

ပြန်ရောက်လာတဲ့ရှင်းယန်က ရှင်းရွှီကို
"မနက်ဖြန် ငါအပြင်မှာနေတော့မယ်"လို့ပြောလိုက်တယ်။

ရှင်းရွှီက တစ်ခဏမျှကြောင်အသွားမိလိုပ်ပေမယ့်လဲ
"Ok"လို်ပြန်ဖြေလိုက်တယ်။

ရှင်းယန်ကတော့ သစ်သီးဖျော်ရည်ဖန်ခွက်ကိုယူကာ အပေါ်တတ်သွားခဲ့လေပြီ။

ရှင်းရွှီက အပေါ်တတိသွားသူရဲ့ကျောပြင်ကိုကြည့်နေမိတယ်။နောက်ဆုံးတော့လဲ သူတို့နှစ်ဦးက ဝေးသထက်ဝေးကွာနေဆဲပဲ။

သူ အခုထိ သူတို့နှစ်ဦးရဲ့ ပထမဦးဆုံးဆုံတွေ့မှုကိုမှတ်မိနေတုန်းပဲ။အ့တုန်းက ရှင်းယန်က ၁၀နှစ်၊သူက ၁၆နှစ်အရွယ်ပေါ့။

အကြည့်တစ်ချက်ဖြင့်ပင် ဒီကောင်လေးက ချစ်စရညကောင်းတယ်လို့ခံစားခဲ့ရတာ။မျက်ဝန်းတစ်စုံကိုလဲ ချက်ချင်းစွဲလမ်းခဲ့ရတာ။နောက်ပြီး ရှေ့မှာနာနာခံခဲရပ်နေပြီး ညင်ညင်သာသာခေါ်လိုက်တဲ့အသံလေးကလဲ
"အစ်ကိုကြီး..."တဲ့လေ။

ထိုအချိန်က တံတွေးမျိုချမိပြီး ရန်ခုန်သံတွေပရမ်းပတာဖြစ်ခဲ့ရပါသေး။

"ငါ့ကို အစ်ကိုကြီးလို့မခေါ်နဲ့"
လို့ပြောပြီး အပေါ်ထပ်ကိုတတ်ကာ အခန်းတံခါးပိတ်လိုက်မိတာပဲ။

သူ့ကို အစ်ကိုကြီးလို့မခေါ်နဲ့။ဘာအကြောင်းကြောင့်ဆိုတာဘယ်သူမှမသိဘူး..သူကိုယ်တိုင်တောင်မှပေါ့။ဘာပဲ​ြဖစ်ဖြစ် သူက သူ့ရဲ့အစ်ကိုကြီးမဖြစ်ချင်ဘူး။

ရှင်းရွှီတစ်ယောက် ကောဖီတွေအေးစက်သွားတဲ့အထိအကြာကြီးထိုင်နေမိတာဖြစ်တယ်။
သူက နူးနူးညံညံ၊သင်သာသိမ်မွေ့စွာခေါ်လိုက်တယ်။
"ယန်....."

ကောင်းပြီ..အစ်ကိုကြီးလို့ပဲပြန်ခေါ်ပါ။okay?

မင်းလိုချင်သမျှအရာအားလုံး ကိုယ်ပေးဆပ်ပါ့မယ်။

ရှင်းယန်အခန်းပြန်ရောက်တဲ့အခါ အထုပ်ပြင်တော့တယ်။တကယ်တော့ အဝတ်အစားအချို့နဲ့ သူ့ရဲ့မုန့်တွေပါပဲ။ထိုအရာတွေကိုထုပ်ပြီးသွားမှတော့ မနက်ဖြန် နန်ကောချန်လာခေါ်မှာကိုစောင့်နေရုံပဲ။

You've reached the end of published parts.

⏰ Last updated: Jan 23, 2022 ⏰

Add this story to your Library to get notified about new parts!

Boss's T-strategy[ဘာသာပြန်]Where stories live. Discover now