En O'clock Ep-20

605 54 0
                                    
"Ice skating? "

En O'clock Ep-20မှာ လုပ်ရမည့်အရာ။Sunghoonပျော်လွန်းလို့ ထခုန်မိတယ်။

သူ့အတွက် ဒါဟာအချစ်ဦးလိုပဲ။ပြီးတော့ အကျွမ်းကျင်ဆုံးအရာ။သူပျော်နေတာမြင်တော့ Jayကလည်း သူ့ကို ရယ်မောကာကြည့်နေခဲ့၏။

Ice Skate မို့ အေးမှာစိုး၍ membersတွေအားလုံး နွေးနွေးထွေးထွေးဝတ်ဆင်ကာ Skate ကွင်းဆီလာတော့ Sunghoonက ကွင်းပြင်ထဲမှာ ရိုက်ကူးရေးအဖွဲ့တွေနဲ့အတူ ရောက်ရှိပြီးပြီ။

Membersတွေကြားထဲမှ အဖြူရောင် Jacket နှင့် လုံးလုံးအိအိလေးဖြစ်နေသည့် Jayကို အဝေးကနေမြင်ရသည့် Sunghoonက သဘောတကျကြည့်နေခဲ့သည်။

ရိုက်ကူးရေး စတော့ အရင်ဆုံး Sunghoonတစ်ယောက်ထဲ Skating လုပ်သည်။

ပြီးသည်နှင့် Member များပျော်ပျော်ပါးပါး ကွင်းထဲဆင်းလာပြီး ပြေးလွှားနေကြတော့ သိပ်မစီးတတ်သည့် အငယ်လေး Ni_Kiရယ် Sunoo,Jay အတွက် ခန္ဓာကိုယ်ကို မည်ကဲ့သို့ controlလုပ်ရမည်ကိုSunghoon  သေချာပြောပြပေးသည်။

ထို့နောက် တုန်တုန်ရီရီနှင့်တရွေ့ရွေ့လျှောက်လာသည့် Jayကို Sunghoon အသည်းတယားယားဖြင့် ကြည့်နေခဲ့တာကြာပြီ။နေရာမှာရပ်မနေတော့ပဲ Jayရှိရာကိုအမြန်သွားပြီး ။

" ငါ့လက်ကိုကိုင်ထား"

"မင်းလက်ကိုပဲအားကိုးပြီးကိုင်ထားရမယ်"

Jayခြေထောက်က နောက်မှာကျန်ခဲ့ပြီး ချော်‌လဲခါနီးဆဲဆဲ Sunghoon လက်နှစ်ဖက်လုံးဖြင့် Jayကိုထိန်းကိုင်လိုက်ရသည်။

Jayက မစီးတတ်သေးလို့ သူ့ကိုယ်သူစိုးရိမ်နေပုံက Sunghoon၏အသည်းထဲမှာ မရိုးမယွဖြစ်ကာ ချစ်စရာကောင်းလွန်းလှသည်။

"Jay ဖြေးဖြေးချင်းလျှောက်ကြည့် ငါရှိတယ်"

"ငါမစီးတတ်ပေမယ့် မင်းရှိနေလို့တော်ပါသေးရဲ့"

"အင်း ငါရှိနေပါတယ် ၊မင်းအနားမှာ ငါက အမြဲရှိနေမှာပါ"

တစ်ယောက်လက်ကိုတစ်ယောက် ထိန်းကိုင်ထားရင်း မျက်ဝန်းတို့ဆုံမိခိုက် မြဲမြန်စွာ ဆုပ်ကိုင်မိလိုက်သည်ထင်။

မျက်ဝန်းကိုယ်စီမှ ချစ်တဲ့အကြောင်းတွေကို ပြောပြနေကြသလို နှစ်ဦးသားပြုံး‌လို့နေခဲ့ကြသေးသည်။

မျက်ဝန်းကိုယ်စီမှ ချစ်တဲ့အကြောင်းတွေကို ပြောပြနေကြသလို နှစ်ဦးသားပြုံး‌လို့နေခဲ့ကြသေးသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Random Jayhoon Collection Where stories live. Discover now