Doctor outfit from Fansign

372 31 2
                                    

ဖန်တွေဆီမှ စက္ကူပုံးလက်‌ဆောင်များအန်ဟိုက်ဖန်မန်ဘာအသီးသီးရရှိကြတယ် ။Sunghoon လည်း ရရှိထားတဲ့ လက်ဆောင်ကိုဖွင့်ပြီးကြည့်လိုက်တော့ Doctor coat အဖြူလေးတစ်ထည်ဖြစ်နေလေတယ်။အသေအချာပြုလုပ်ထားတဲ့ လက်ဆောင်မှာ stethoscope တစ်ခုနဲ့ ကိုယ်ပိုင်နာမည်ကဒ်တစ်ခုလည်းပါသေးတယ်။တဖက်ကိုကြည့်လိုက်တော့ သူလိုပဲ Jayက ဝတ်စုံကို ဝတ်ဆင်ပြီးနှင့်ပြီ။ Sunghoon က ကုတ်အင်္ကျီကိုဝတ်လို့  stethoscope ကို နားမှာတပ်ဆင်ကာ Park Jayဆီကိုသွားလိုက်တယ်။

"ကျုံးစိန် ရဲ့ရင်ခုန်သံတွေကိုနားထောင်ကြည့်ရအောင် "

Jayက အနည်းငယ်ကြောင်အမ်းအမ်းလေးဖြင့်နေရာတွင် ရပ်နေတုန်း Sunghoon က ရင်ဘတ်နားကိုဖိလို့ stethoscopeဖြင့် လာစမ်းတယ်။Jayကို ပြန်ကြည့်လိုက်တော့ သူ့ကိုချိုချိုလေးပြုံးလို့ကြည့်နေလေတယ်။

"ဘာကြားရလဲ ?"

Sunghoon က အနားသို့ အနီးကပ်ဆုံးတိုးကာ နှုတ်ခမ်းနှစ်လွှာကြားက တီးတိုးစကားသံထွက်ဆိုလာတယ်။

"ရင်ခုန်သံတွေက ကိုယ့်နာမည်ကို အလုအယက်ခေါ်နေကြသလိုပဲ"

ထူးဆန်းတာမျိုးမဟုတ်ပေမယ့် Jayဆီမှ မကြာခဏသူ့ကြောင့်ဖြစ်တည်လာတဲ့ ရှက်စနိုးမျက်နှာငယ်ဟာ သိပ်အသည်းယားဖို့ကောင်းနေတာတော့အမှန်ပဲ။

"အွန်း ရင်ခုန်သံက ဟူးဟူးတဲ့"

တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်မျက်ဝန်းမှအပြုံးတို့ဖြင့်ကြည့်ရင်း ။တဖြေးဖြေး မျက်ဝန်းချင်းပြန်ဆုံကြတော့
မရိုးနိုင်တဲ့ရင်ခုန်သံတွေအကြောင်း မင်းလည်းသိတယ်။ကိုယ်လည်း ဘာသာပြန်တတ်တယ်ဆိုတဲ့သဘော။

တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်မျက်ဝန်းမှအပြုံးတို့ဖြင့်ကြည့်ရင်း ။တဖြေးဖြေး မျက်ဝန်းချင်းပြန်ဆုံကြတော့မရိုးနိုင်တဲ့ရင်ခုန်သံတွေအကြောင်း မင်းလည်းသိတယ်။ကိုယ်လည်း ဘာသာပြန်တတ်တယ်ဆိုတဲ့သဘော။

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.
Random Jayhoon Collection حيث تعيش القصص. اكتشف الآن