3화 : Lovey Dovey Couple

1.1K 168 7
                                    

D-99

ဆောင်းဟွန်း နဲ့ ဂျယ်ယွန်း ရည်းစားအဖြစ်
ဟန်ဆောင်တာ စစချင်းမှာ သူငယ်ချင်းတွေ
ကစပြီး အယုံသွင်းဖို့ လုပ်ခဲ့ပြီး ဂျေးနဲ့
ဂျောင်ဝန်းကို ကန်တင်းမှာချိန်းလိုက်သည်
ဆောနူနဲ့ နီခီကတော့ practical ဆင်းနေတာမို့
မအား၍ မလာဖြစ်တော့။

ဂျယ်ယွန်းက ဆောင်းဟွန်းလက်မောင်းကို
ချိတ်ထားပြီး ပခုံးကိုမှီထား၍ ဆောင်းဟွန်း
ဘေးမှာတွယ်ကပ်နေတဲ့ ကလေးပိစိလေးလို
ဖြစ်နေသည်။ ခဏအကြာမှာ ဂျေးနဲ့ဂျောင်ဝန်း
လည်းရောက်လာတော့သည်။

"အိုးမိုင်ဂေါ့ ငါ့မျက်လုံးတွေကိုပြီးရင်ဆေးပစ်
ရတော့မယ်"

ဂျေးကရောက်ရောက်ချင်းမှာ "အတွဲတွေ
မကောင်းဘူး" ဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း
စသည်။

ဂျောင်ဝန်းကတော့ ဂျယ်ယွန်း လက်မောင်း
ကို ဖြတ်ခနဲရိုက်လိုက်တော့သည်။

"ဂျယ်ယွန်းဟျောင်း! ကျွန်တော်တို့ ခင်လာတာ ဘယ်နှနှစ် တောင်မို့ ကျွန်တော်နဲ့ဆောနူကို
တောင် လျှို့ဝှက်ထားနိုင်ရတာလဲ တကယ်
စိတ်ဆိုးတယ်"

ဂျယ်ယွန်းအတွက် ဆောင်းဟွန်းပြီးရင်
ဂျောင်ဝန်းနဲ့ ဆောနူက အခင်ရဆုံးပဲလေ
အခုကိစ္စက ရုတ်တရက်ဆန်သွားတာမို့
ဂျောင်ဝန်းစိတ်တိုလည်း တိုချင်စရာ

"အဟမ်း ဂျေး မင်းလည်း လှုပ်ရှားသင့်နေပြီ"

"ငါကဘာကို?"

"ကြောင်ဝယ်မယ်ဆို လွန်ခဲ့တဲ့ နှစ်နှစ်က တွေ့
ထားတဲ့ 1500 တန်ကြောင်လေးလေ ဝယ်လိုက်
ပါတော့ မြန်မြန်"

"နေပါဦး 1500 တန်ကြောင်ဆိုတာရှိလို့လား"

"အင်း ကြောင်ပြာလေးလေ ဂျေးကတော့ မဝယ်ပဲ နေ့တိုင်း အလှ သွားသွားကြည့်နေတာပဲ အဲလိုနဲ့ သူများဝယ်သွားရင်တော့ ခံပေါ့
ငါ့ကောင်ရာ"

ဆံပင်အပြာရင့်ရောင်နှင့် ဂျောင်ဝန်းမသိခဲ့တာကတော့ ကြောင်ဆိုတာ သူ့ကိုရည်ညွှန်းတာ
ဖြစ်ပြီး ဂျေးကလွန်ခဲ့တဲ့ နှစ်နှစ်ထဲက ဂျောင်ဝန်း
ကိုချစ်မိနေခဲ့တာဖြစ်သည်။

"ထင်တော့ထင်သားပဲ ဟျောင်းနဲ့ဆောင်းဟွန်း
ဟျောင်းက ကြိုက်နေကြတယ်ဆိုတာ"

BOYFRIEND || SUNGJAKE ✔️Where stories live. Discover now