7화 : I GUESS I'M IN LOVE

1K 139 2
                                    

D-70

ဒီနေ့က ဂျယ်ယွန်းနဲ့ ရည်းစားအဖြစ် ဟန်​ဆောင်
တာ တစ်လပြည့်တဲ့နေ့။ အတူတူရှိတဲ့အချိန်
တွေ တဖြည်းဖြည်းတိုးလာရင်း ဆောင်းဟွန်း
ရဲ့ ဂျယ်ယွန်းအပေါ် ခံစားချက်တွေကလည်း
ဖြေးဖြေးချင်း ပေါ်လွင်လာနေသည်။

ရက် 100 ပြည့်လို့ ဟန်ဆောင်တာကို အဆုံးသတ်လိုက်ရင် ဂျယ်ယွန်းက တခြားလူဆီ
များ ပါသွားမလား? မနက်တိုင်းနိုးထလာရင် ဘေးကုတင်က ဂျယ်ယွန်းနေရာလေး လွတ်
နေရင်တောင် ပြန်မလာတော့မှာ စိတ်ပူမိတဲ့
အထိ ၊ ဂျယ်ယွန်း မရှိတဲ့အနာဂတ်ကို တွေး
ကြည့်လို့မရတဲ့အထိ။

အခု သေချာသွားပြီထင်တယ်
ငါ မင်းကို ချစ်နေမိပြီ ရှင်းမ်ဂျယ်ယွန်း။

ဒါပေမယ့် ဂျယ်ယွန်းကရော? ဂျယ်ယွန်းသာ
သူ့နဲ့ ခံစားချက်ချင်း တစ်ထပ်ထဲ မကျခဲ့ရင်
ဂျယ်ယွန်းနဲ့ပါဝေးသွားနိုင်သည်
ဖွင့်ပြောရမလား သိမ်းထားရမလား ဝေခွဲမရအောင် စိတ်ရှုပ်ထွေးလာတာကြောင့်
တစ်ယောက်ယောက် ကိုပြောပြဖို့လိုလာ
သည် ဆောင်းဟွန်းက သူဘာဖြစ်ဖြစ်
ဂျယ်ယွန်းကလွဲပြီး တခြားလူနဲ့တိုင်ပင်ခဲပေ
မယ့် ဂျေး...ဂျေးကိုပဲ ပြောပြလိုက်ရမှာပဲ

"ဟယ်လို ဂျုံဆောင်း မင်းအားလား"

"ဟာ ငါ့ကောင်ဖုန်းတွေဘာတွေဆက်လို့
အားတယ်လေ ဘာလုပ်မလို့လဲ"

"ပန်းခြံထဲ ခဏထွက်လာပါလားကွာ ငါ
တိုင်ပင်စရာရှိလို့"

ဂျေးတို့အဆောင်နဲ့ ဆောင်းဟွန်းတို့
အဆောင် သိပ်မဝေးလို့ တော်သေးတယ်

"အဲဒီတော့ မင်းပြောချင်တာက မင်းနဲ့
ဂျယ်ယွန်းက တကယ်တွဲနေတာမဟုတ်ဘဲ
မင်းရည်းစားဟောင်း ယွန်းကီရာရှေ့မှာ
မင်းက သူ့ထက်ပိုကောင်းကောင်းနေနေတဲ့ ပုံပေါက်ချင်လို့ ဟန်ဆောင်နေတာ အဲလိုပေါ့?"

ဆောင်းဟွန်း ခေါင်းငြိမ့်ပြလိုက်သည် ဂျေး
သူ့ကို စိတ်ဆိုးကောင်းဆိုးနိုင်ပေမယ့် အကြံ
ကောင်းတစ်ခုတော့ ပေးမှာ သေချာပါသည်

"မင်းကွာ ငါတို့ကိုအထိ လျှို့ဝှက်ထားဖို့ လိုလို့
လား"

"အစကတော့ ငါနဲ့ဂျယ်ယွန်း နှစ်ယောက်ပဲ
သိစေချင်ခဲ့လို့...ဒါပေမယ့် အခု မင်းကို ပြောပြ
ပြီး ငါအကြံဉာဏ်တောင်းဖို့ လိုနေတယ်"

"ဘာ အကြံတောင်းမှာလဲ "

"ငါ ဂျယ်ယွန်းကို ဟန်ဆောင်တာမဟုတ်ဘဲ
တကယ်အတည်သဘောကျမိ...မဟုတ်ဘူး
ချစ်မိနေပြီ"

"ဟေ့ရောင်ရေ မင်းဂျယ်ယွန်းကို ကြိုက်နေတာ ဟိုး ကောင်းကင်ဘုံက တက်ကြည့်ရင်တောင်
သိသာတယ် မင်းကိုယ်မင်း အခုမှသိတာလား"

"ဟင် အဲလောက်တောင်သိသာတာလား"

"အေးလေ မင်းတို့ဟန်ဆောင်နေတာသာ
ထုတ်မပြောခဲ့ရင် ရက် 100 ပြည့်သွားရင်
တောင် ငါတို့သိလိုက်မှာမဟုတ်ဘူး"

"အဲတာဆို ငါ ဘာလုပ်သင့်လဲ"

"ငါကတော့ မင်း ခံစားချက်ကို မင်း
သေချာပြီဆိုရင် ဖွင့်ပြောသင့်တယ် ထင်တယ်
ဘယ်သူသိမှာလဲ ဂျယ်ယွန်းလည်း မင်းကို
သဘောကျနေနိုင်တာပဲ"

"ဒါပေမယ့် အဲလိုမဟုတ်ဘဲ ငါပြောလိုက်မှ
ဂျယ်ယွန်းနဲ့ ဝေးသွားရင်ရော? အဲလိုဆို
ငါ...ငါ ရူးသွားလိမ့်မယ် ထင်တယ်"

ဂျေး ဘဝမှာ ဆောင်းဟွန်း ဒီလောက်အထိ
အတည်ပေါက် ဖြစ်နေတာကို မမြင်ဖူးသေး။
ဆောင်းဟွန်းက ဂျယ်ယွန်းကို တော်တော်လေး
သဘောကျနေတာပဲ... ဆောင်းဟွန်းကိုသာ
အားပေးနေတာ သူ ကိုယ်တိုင်ကျ ဂျောင်ဝန်းကို
အဲလိုပြောနိုင်ဖို့ သတ္တိမရှိသေး။ ဂျောင်ဝန်းက
သူ့ထက်ငယ်လည်းငယ် တော်လည်းတော်
သူက ဂျောင်ဝန်းဘဝ တက်လမ်းကို ပိတ်နေတဲ့သူ
မဖြစ်ချင်ဘူး။

"မဖြစ်သေးတာတွေကို ကြိုမတွေးပဲ ဒီအတိုင်း
ပြောလိုက်စမ်းပါ"

ဟုတ်တယ် အရဲစွန့်ပြီး ပြောကြည့်ကြတာပေါ့
ပတ်ခ်ဆောင်းဟွန်း မင်းလုပ်နိုင်ပါတယ်!!

________________________________

A/N ဒီနေ့အပိုင်းက တော်တော်လေး တို
ပါတယ် ဆောင်းဟွန်း သူ့ခံစားချက်တွေကို
သဘောပေါက်သွားတာကိုပဲ သေချာရေးပြ
ချင်လို့ပါㅠㅠ ကြားထဲ မ up ဖြစ်လို့လည်း
အားနာပါတယ်နော်🥺 ဒီနေ့ အများကြီး up
ပေးပါမယ်!

BOYFRIEND || SUNGJAKE ✔️Where stories live. Discover now