Ep-2

1.6K 153 10
                                    

"Baekhyun ဒီနေ့ညဂျူတီရှိတယ်နော် "

"အင်းပါ"

Baekhyun ,Luhanအား ပြန်လည်ဖြေကြားလိုက်ပြီးနောက် ခေါင်းမို့ထပ်သို့ခပ်သွက်သွက်တက်လာခဲ့ပြီး 'Chanyeol-ssi'ဆိုသည့် Contentကိုနိပ်ကာ နား,နားကပ်လိုက်သည်။

'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ...'

ဖြေကြားသူမရှိသည်ကြောင့်နောက်တစ်ဖန်ပြန်နိပ်၍ ခေါ်လိုက်လျှင်

'လူကြီးမင်ခေါ်ဆိုသော ...'

"ကျစ်!"

လူကြီးမင်းနှင့်ဘဲ တိုးနေသည်မို့ Baekhyunစိတ်မရှည်စွာ ကျစ်စုတ်သပ်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ခေါ်သည်။ Chanyeolဘက်ကဖုန်းမကိုင်မချင်း Baekhyunဘက်ကဆက်တိုက်ခေါ်နေခဲ့သည်။ဘယ်နှခေါက်မြောက်ရှိနေပြီလဲမသိသည့်အပြင် လူကြီးမင်းနဲ့ဘဲ တိုးတိုးနေတာကြောင့် ဖုန်းကို စိတ်မရှည်သလိုနဲ့ကြည့်လိုက်ပြီး

"ငါကြားချင်တာ Chanyeolရဲ့အသံဟ မင်းအသံမဟုတ်ဘူး အရူးရဲ့ ! "

တစ်ဖက်က phone Operatorအား လှမ်းကျိန်ဆဲ၍ ဖုန်းကိုချပစ်လိုက်သည်။ ဒီနေ့က ညဂျူတီရှိတာကြောင့် Chanyeolကို အိမ်မပြန်ဖြစ်တာ အသိပေးချင်လို့ ဖုန်းဆက်ပါတယ်ဆို လူကြီးမင်းက ကြားဝင်လာတာကြောင့် Baekhyunဒေါသထွက်လာရသည်။ဒီလိုနဲ့ဘဲ ထပ်မဆက်တော့ဘဲ လက်လျှော့လိုက်ပြီး messageပို့ဖို့ရန် Chatboxထဲဝင်လိုက်ပြီး ပို့လိုက်သည်။

# Chanyeol-ssi ကျွန်တော်ဒီနေ့ ဂျူတီရှိလို့ အိမ်ပြန်မလာဖြစ်ဘူး ၊ ညစာအတွက် စားပွဲပေါ်က ကင်ဂျီဟင်ရည်ရယ် အမဲနှပ်ဂယ်ဘဲရှိတယ် ၊ ထပ်စားချင်ရင် ကျွန်တော့်ကိုပြော ကျွန်တော် မှာပေးမယ် ၊Chanyeol-ssi တစ်ခုခုလိုရင် အကြောင်ူပြန်ပေးနော် #

အသံတစ်ခုနဲ့အတူ ရောက်သွားသည့် messageအား Baekhyunစိုက်ကြည့်နေမိသည်။သို့ပေမဲ့ sendဖြစ်ပြီး seenမဖြစ်သေးတာကြောင့် Baekhyun စိတ်ကတစ်ခုခုကိုခံစားလာရသည်။ဒီလိုနဲ့ဘဲ နောက်တစ်ဖန်ထပ်ပို့ဖို့ရန်အတွက် keyboardပေါ် လက်ကလေးတွေလှုပ်ရှားလိုက်ပြီး စာတစ်စောင်ရိုက်လိုက်သည်ကား

# ကျွန်တော် မုန့်မှာပေးလိုက်မှာမို့ Chanyeol-ssiစားချင်တာ ပြောပေးပါလား ၊ ဘာစားချင်လဲ ?#

Darling,I have your baby! [Complete]Where stories live. Discover now