Ep-16

1.8K 162 30
                                    

" အမဲသားနှစ်ပိသာပေးပါ "

" ဟုတ်ကဲ့ "

အသားတုံးတွေအားလှီးဖြတ်နေသည်ကို မေမေParkစောင့်နေလိုက်သည်။မေမေParkဈေးဝယ်လျှင် Marketတွေထက် အခုလိုရပ်ကွက်ထဲဝယ်ရတာ သဘောကျတတ်သူဖြစ်သည်။ ခပ်ရဲရဲရှိနေသော အသားတို့ကို လှီးဖြတ်နေသည်ကိုမြင်နေရရင် တကယ်ကိုပင်လတ်ဆတ်တယ်ဟု ယူဆတတ်သော‌ေြကာင့် မေမေParkအဖို့ကတော့ Marketက Readymadeအထုတ်တွေနဲ့ အဆင်မပြေပါ ။

" ဒီမှာ ရပါပြီ မကြီး "

ကမ်းပေးလာသည့်အထုတ်အား ခြင်းတောင်းထဲသို့ထည့်လိုက်ပြီးနောက် လိုအပ်သည့် ဟင်းသီးဟင်းရွက်တို့ကို လိုက်ဝယ်နေလိုက်သည် ။ အသီးတန်းဘက်ဆီလာနေတုန်း ခပ်ရဲရဲစတော်ဘယ်ရီသီးတွေတွေ့သွားသည်မို့ ‌Baekhyunလေးကို သတိရသွားသည်‌ေကြာင့်ဝယ်ဖို့ရန်စိတ်ကူးပြီးလျှောက်လာခဲ့လိုက်သည်။

" စတော်ဘယ်ရီ နှစ်ခြင်းပေးပါနော် "

" ဟုတ် "

လတ်ဆတ်သည့်စတော်ဘယ်ရီကိုကြည့်နေရင်း မေမေPark ပြုံးလိုက်သည်။သားမက်လေးကတော့ သေချာပေါက်ကြိုက်မှာဘဲ။

" ဟို အန်တီ "

စတော်ဘယ်ရီအားကြည့်နေတုန်း နောက်ကျောဘက်ဆီမှ အသံကြားရသည်မို့ လှည့်ကြည့်လိုက်တော့ စကပ်တိုပေါင်တိုနှင့်မြင်မကောင်းအောင်ရင်ဟိုက်အင်ကျီဝတ်ထားသည့်မိန်းကလေးပုံကြောင့် မေမေParkအလိုလိုမျက်မှောင်ကျုံ့မိသွားသည်။

" ကျွန်မနာမည် Daisyပါ "

" အော် အင်း "

ထိုသို့သာပြောလိုက်ပြီး စတော်ဘယ်ရီအားခြင်းထဲအမြန်ထည့်လိုက်၍ ထွက်လာခဲ့တော့ ထိုကောင်မလေးသည်အနောက်ကနေလိုက်လာခဲ့သည်။

" ကျွန်မတို့ စကားပြောသင့်တယ်ထင်တယ် အန်တီ "

" ‌စိတ်မကောင်းပါဘူး အဲ့ဘက်ကို အန်တီမသိတဲ့အတွက် ငြင်းပါရစေ "

" ငြင်းလဲ မပြောလို့မဖြစ်တဲ့အရာမို့ပါ ၊ အန်တီသားနဲ့ရတဲ့ကိုယ်ဝန်ကို ကျွန်မလွယ်ထားနေရပြီ "

ရှေ့ကိုလျှောက်နေသည့်ခြေလှမ်းတွေဟာ တုန့်ကနဲရပ်တန့်သွာကာ အံ့ဩမှုကြောင့်နှုတ်ခမ်းနှစ်လွှာဟာ ပွင့်ဟသွားခဲ့သည်။ ထိုအခါသူမက အောင်နိုင်သူအပြုံးနှင့်ပြုံးပြလာသည်။

Darling,I have your baby! [Complete]Where stories live. Discover now