9

3.5K 235 16
                                    

Unicode

အခုနောက်ပိုင်း အလုပ်တွေ ပိနေတဲ့ Daddy ကြောင့် တပတ် ၁ခါတွေ့ဖို့တောင် ခက်ခဲသည်။

တခါတလေ အိမ်တောင် ပြန်မလာပဲ အလုပ်ကြိုးစားနေရှာသည်။

စကားပြောဖို့ အချိန်တောင် မရှိသည့်အထိပင်။သူတို့လုပ်နေတဲ့ အရမ်း အရေးကြီးတဲ့ Project တခုကြောင့် နားလို့မရပဲ ဆက်တိုက်ကြိုးစားနေကြတာဖြစ်သည်။

ပြောရင်းဆိုရင်း အောက်ထပ်က ကားသံကြောင့် daddy ပြန်ရောက်လာပြီဆိုတာ သိလိုက်ပြီလေ။

အောက်ထပ်ကို ဆင်းပြီး အိတ်လေး သွားဆွဲပေးကာ သူ့နောက်လိုက်သွားသည်။

အိမ်ပေါ်ရောက်လို့ အခန်းထဲ ရောက်တာနဲ့ အဝတ်အစားတွေချွတ်ကာ ရေတန်းချိုးလိုက်တဲ့ daddy ကြောင့် သူ့မှာ စကားတောင် မပြောလိုက်ရပေ။

အိတ်လေးကို စားပွဲခုံပေါ်ချလိုက်ပြီး ကုတင်ပေါ်မှာ ထိုင်ကာ စောင့်နေလိုက်သည်။

ရေချိုးခန်းထဲက ထွက်လာတဲ့ daddy ဟာ ဒေါသရိပ်များနဲ့ ပြည့်နှပ်နေသည်။

"Daddy~"

"Daddy လို့~"

ခနခနခေါ်နေတာကြောင့် သူကို ဒေါသထွက်နေဟန်ရှိသော မျက်လုံးများနှင့် စိုက်ကြည့်ကာ

"မင်း ဘာဖြစ်နေတာလဲ ဟမ်! Daddy Daddy နဲ့!!"

"Daddy~"

"အဲ့နာမည်ကြီး မခေါ်စမ်းပါနဲ့ကွာ စောက်ရမ်းစိတ်ရှုပ်နေလို့ မင်းကိုပါ ထိခိုက်မိလိမ့်မယ်.."

"Daddy~"

"ဟေ့ရောင် မင်းငါပြောတာ နားမလည်ဘူးလား မခေါ်နဲ့လို့ ငါ ဘာမှမကြားချင်လို့!!"

"ဘာလို့ ကျွန်တော့်ကို မင်းတွေ ဟေ့ရောင်တွေ သုံးပြီး အော်နေတာလဲ!"

"စိတ်တိုနေလို့ဟေ့ စိတ်တိုနေလို့ဟ လိ့လိုပဲ မင်းကတမျိုး စောက်လုပ်တွေက တမျိုးနဲ့ ငါရူးချင်လာပြီ!!"

"Daddy မဆဲနဲ့~"

"ဆဲတယ်ကွာ ဆဲတယ် မင်းက ဘာဖြစ်ချင်လို့လဲ ဟမ်!!"

"ဘာမှ မဖြစ်ချင်ပါဘူး ဒီတိုင်း Kookie ကို အချိန်နည်းနည်းလောက်ပဲ ပေးစေချင်တာပါ.."

Fetish [ Complete ]Where stories live. Discover now