Yellow Tulips

295 30 0
                                    

အဲ့ဒီနေ့က သာမန်နေ့လေးတစ်နေ့။
နွေဦးရောက်နေပြီဆိုပေမဲ့ ရာသီဥတုကတော့ မတည်ငြိမ်သေးပေ။
နေသာနေရာမှ တစ်ခဏချင်းပင် တိမ်ထူချင်က ထူလာတတ်သည်။
ရံဖန်ရံခါ မိုးရိပ်ဆင်ချင်ပါကလဲ ဆင်ပြန်သေး၏။

သို့ရာတွင်ထိုနေ့ကတော့ တိမ်ကင်းစင်နေပြီး ကြည်လင်နေသော ကောင်းကင်ပြာပြာကိုပင် မြင်နေရ၏။
နွေးထွေးသော နေခြည်များကလဲ ကမ္ဘာမြေပေါ်သို့ ခြုံလွှာသဖွယ် လွှမ်းခြုံထားပေးသေးသည်။

ပတ်ဆောင်ဟွန်းတစ်ယောက် ကျောင်းသို့အသွားတွင် စက်ဘီးကိုခပ်ဖြည်းဖြည်းတွန်း၍ လျှောက်နေမိ၏။

ထိုတစ်ခဏ၌ မျက်စိရှေ့တွင် ဝင်လာသော ပန်းတွေ။
တရွေ့ရွေ့နဲ့ ရွေ့လာနေတဲ့ပန်းအဝါတွေ။မဟုတ်ဘူး။မဟုတ်ဘူး။
တိတိကျကျပြောရလျှင် အဝါရောင်ပန်းတွေအများကြီးကို ပွေ့ပြီးသယ်လာတဲ့လူတစ်ယောက်။

ပန်းတွေမှာ များလွန်းသဖြင့်သယ်လာသူ၏ မျက်နှာကိုပင် မမြင်ရ။
ထိုသူကလဲ ပန်းတွေထိခိုက်မှာစိုးသဖြင့်ထင်သည်။
ဖြည်းဖြည်းချင်းနှင့် ဂရုတစိုက်လာနေ၏။
ဆောင်ဟွန်း ဘေးပတ်ဝန်းကျင်ကို မျက်လုံးတစ်ချက်ကစားကြည့်လိုက်တော့ အသစ်ဖွင့်ထားပုံပေါ်တဲ့ ပန်းဆိုင်လေးကို တွေ့ရသည်။ထိုပန်းဆိုင်သို့ ပန်းလာပို့တဲ့သူဖြစ်မည်။
ဒီလူလာနေပုံနှင့်တော့ ပန်းဆိုင်ကိုတော်တော်နှင့်ရောက်ဖို့ရာမလွယ်။
မမြင်မစမ်းနှင့် တိုက်မိမှာလဲစိုးရသည်။
ဆောင်ဟွန်းတစ်ယောက် စက်ဘီးကို ‌လမ်းဘေးတွင် ခဏရပ်ခဲ့ကာ ထိုသူကိုကူညီဖို့ ‌အပြေးလေးသွားမိ၏။

"ကျွန်တော်ကူညီပေးမယ်ဗျ။ကျွန်တော့်ကို ပန်း‌တွေတစ်ဝက်ပေးလေ"ဟု ဆိုပြီး
ပန်းတွေကိုတစ်ဝက်ဝင်ပွေ့တော့ ထိုသူကလှမ်းနေသည့်ခြေလှမ်းကို ရပ်လိုက်သည်။
ထို့နောက်တွင်မူ
"ကျေးဇူးနော်"ဟုဆိုကာ လက်ထဲကပန်းတစ်ဝက်ကို လွှတ်ပေးသည်။
ဒါတောင်မှ ထိုသူ့မျက်နှာကို မမြင်ရသေးပေ။

ဆောင်ဟွန်းတစ်ယောက်ပန်းတွေကို ပွေ့ကာ ထိုသူနှင့်အတူဘေးချင်းယှဉ်ကာလျှောက်လာလိုက်သည်။
ပန်းဆိုင်ရှေ့ရောက်တော့ ဆိုင်ရှေ့မှာ အဆင်သင့်ချထားတဲ့ပုံးထဲသို့ ပန်းတွေထည့်လိုက်ကြသည်။

ထို့နောက်မှ ဆောင်ဟွန်းဘက်ကို လှည့်ပြီးပြုံးပြလာတဲ့ထိုလူ။
ထိုအခိုက်မှာ လေပြည်ကတစ်ချက်ဝှေ့သွားလို့ ဆိုင်တံခါးဝမှာချိတ်ထားတဲ့ ဆည်းလည်းလေးက မြည်လာသည်။
နေခြည်နွေးနွေးတွေက ထိုသူ့မျက်နှာပေါ်သို့ ဖြာကျနေသေး၏။
ဘေးနားမှာတော့ သူတို့ခုနလေးတင်မှ သယ်လာခဲ့ကြတဲ့ ပန်းအဝါတွေ။

ထိုအခိုက်မှာ ဆောင်ဟွန်းတွေးမိတာကတော့

"Fuck!!!မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြုံးပြရတယ်လို့"

************************************

PS.ရေးလို့မပြီးသေးပါဘူး။နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ပေးချင်ခဲ့တာပါ။ဒီညဘယ်လိုမှ မပြီးတော့တာသေချာလို့ ဒီလောက်ပဲတင်လိုက်တာပါ။
2021က တအားပင်ပန်းပြီးခက်ခဲခဲ့ကြရတယ်မဟုတ်လား။ဒီလောက်အထိ သန်သန်မာမာနဲ့ ဖြတ်ကျော်ခဲ့ကြပြီးပြီပဲ။အရာရာအားလုံး အဆင်ပြေသွားတော့မှာပါ။အဆင်ပြေဖို့လဲ အခုလုပ်နေတဲ့အရာတွေကိုအရှိန်မလျော့လိုက်ဖို့လိုတယ်လေ။
အားလုံးစိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နိုင်တဲ့နေ့တွေရောက်လာတော့မှာမလို့ အချင်းချင်းဖေးမကူညီရင်း အားတင်းထားကြရအောင်။
နှစ်သစ်မှာ ဘေးအန္တရာယ်ကင်းရှင်းလို့ အဆင်ပြေကြပါစေ။

1.1.2022(Sat)
10:10pm

အရူးလွယ်အိတ်Where stories live. Discover now