AN-အစကတော့ ရှေ့ကရေးထားတဲ့နေရာမှာပဲ ဆက်ဖြည့်လိုက်မလို့လုပ်ပေမဲ့ ရေးတဲ့အချိန်မတူတော့တဲ့အခါ ရေးတဲ့ပုံစံတွေပါပြောင်းကုန်လို့ အပိုင်းသက်သက်ခွဲလိုက်ရတာပါ။ဒီအပိုင်းမှာဆိုလဲ သုံးလေးခါလောက် စိတ်ကူးပေါက်မှ ထ ရေးထားတာဆိုတော့ အချိတ်အဆက်မမိတာတွေအများကြီးရှိတယ်။အောက်ပိုင်းနားဆိုရင် တအား rashဖြစ်နေတယ် ခံစားရတယ်။ပြန်ပြင်ရမှာလဲ ပျင်းသွားပြီ။သည်းခံကြပါကုန် ဟီးဟီး။
************************************
"ကိုကိုရေ ဒီကအစ်မတွေက lilyကို အဝါရောင်လိုချင်တာတဲ့"
"ကိုကိုရေ နှင်းဆီတွေမှာထားတဲ့ အစ်မလာပြီ"
"ကိုကိုရေ ဒီကညီမလေးက သဘောကျတဲ့ကောင်လေးကို ဖွင့်ပြောချင်တာ ဘာပန်းပေးရင်ကောင်းမလဲတဲ့။အဲ့တာ ကိုကိုအကြံပေးပါဦး။""ကိုကိုရေ" "ကိုကိုရေ"နဲ့ အတောမသက် ကြားနေရတဲ့ ပတ်ဆောင်ဟွန်းအသံတွေပေါ့။
ဘယ်သူ့ကို ခေါ်နေတာလဲဆိုရင်တော့
ဟိုနေ့က အင်း တိတိကျကျပြောရရင်
လွန်ခဲ့တဲ့ တစ်နှစ်၊နှစ်လနဲ့ လေးရက်အကြာက
ပန်းတွေသယ်ကူလိုက်တဲ့ အစ်ကိုကြီးကိုလေ။
ရက်တွေက မှတ်ထားတာရယ်လို့မဟုတ်ပါဘူး။
ဒီအတိုင်း စိတ်ထဲမှာမှတ်မိနေတာ။
ကျောင်းမလစ်စဖူး လစ်လိုက်တဲ့နေ့ကမလို့လဲ ပါမှာပေါ့။အဲ့ဒီနေ့က အစ်ကိုကြီးသူ့ကို ပြုံးပြကတည်းက
"ကိုကိုရေ ကျွန်တော့်ကို ရေလေးတိုက်ပါဦး"ဆိုပြီး
ကိုကိုခေါ်ပစ်လိုက်တာပါပဲ။
ပြီးတော့ အားတဲ့အချိန်တိုင်း ကိုကို့ဆိုင်ကို လာတယ်လေ။
အား အား၊မအား အား အားပစ်လိုက်တာတော့ ထည့်မပြောကြေးပေါ့။ဆောင်ဟွန်းနဲ့စကားနိုင်လုလို့ ကိုကိုမနိုင်တော့တဲ့အခါတိုင်း
"အခုခေတ်ကလေးတွေများ သိပ်ခက်တာပဲ။တွေ့တဲ့သူကို ကိုကိုတမ်းခေါ်လိုက်တာပဲ"လို့ စကားနာထိုးလေ့ရှိသည်။
ဒါပေမဲ့ ကိုကို့မျက်နှာမှာတော့ ကျေနပ်နေတာ အသိသာကြီးပါ။ကိုကို့နာမည်က အီဟီဆွန်း။
အသက်က ဆောင်ဟွန်းထက်တစ်နှစ်ကြီးတယ်။
ဒါပေမဲ့ လူရိုးလူအေးကြီး။
တအားရှေးရိုးစွဲတယ်။
ပြီးတော့ ပန်းဆိုင်ကို ပန်းလာပို့တာမဟုတ်ဘဲ ပန်းဆိုင်ပိုင်ရှင်။
ဪ အရေးအကြီးဆုံးအချက်ပြောပြရဦးမယ်။
ကိုကိုက မဟားတရား အရမ်းအရမ်းကို ချောပါတယ်!!!!!