အပိုင်း (၄)

965 202 6
                                    

ထိုတစ်ရက်တည်းမှာပင် အနုပညာစွမ်းရည်ကို ကျင်းပသည့်နေရာကိုကပင် အနုပညာဆန်သည်။ပတ်ဝန်းကျင်သည် သာယာ ဆိတ်ငြိမ်လျက် အေးချမ်းလှသော တောင်ခြေတစ်ဝိုက်တွင်ဖြစ်သည်။ပြိုင်ပွဲဝင်အရေအတွက်အလိုက် ခင်းကျင်းပေးထားသည့် စားပွဲနှင့် ထိုင်ခုံတို့ကလည်း တရှည်တလျား။မည်သူက မည်သည့်နေရာတွင်ထိုင်ကြရသည်မရှိ။အားလုံး အဆင်ပြေသလို ထိုင်နိုင်ကြကြောင်း ကျောင်းအုပ်ကြီးဖန်က ပြောလာသည်။

“ဒီတစ်ခေါက် အနုပညာစွမ်းရည်ကိုတော့ဖြင့် စာပေဘက်ကို အဓိကထားထားပါတယ်။အားလုံးက ကျုပ်တို့ အကဲဖြတ်လူကြီးမင်း ချပေးတဲ့ ခေါင်းစဉ်တစ်ခုကို ကဗျာဖွဲ့ဆိုရမှာဖြစ်ပြီး ဝေါဟာရအကြွယ်ဝဆုံးနဲ့ အလှပဆုံးဖြစ်ပြီး လူကြီးမင်းအနှစ်သက်ဆုံးလူက တခြားသူတွေထက် အမှတ် ၂၀ ပိုပြီးရမှာဖြစ်ပါတယ်။ “

အားလုံး၏တအံ့တသြသံကထွက်ပေါ်လာသည်။အမှတ် နှစ်ဆယ်သည် နည်းမှမနည်းလေဘဲ။ဝင်ခွင့်အောင်သွားဖို့အတွက် အထောက်အပံ့ကောင်းကောင်းဖြစ်သည်မဟုတ်ပါလား။

“အကဲဖြတ်လူကြီးမင်းကိုရောမသိချင်ကြဘူးလား..ကဲ.. ဟိုမှာလာပါပြီ”

ကျောင်းအုပ်ကြီးဖန်၏စကားအဆုံးနှင့်အကြည့်လားရာဆီရောက်လိုက်သည်တွင် ယောကျာ်းသားများသာမက မိန်းမပျိုများ၏ပါ နှစ်လိုသဘောကျသံဖြင့် တဝါးဝါးအော်ဟစ်သံတို့ ညံစီသွားသည်။အကဲဖြတ်လူကြီးမင်းသည် ကောင်းကင်ဘုံတွင် နှစ်ယောက် မရှိအောင် ချောမောလှပသတင်းကြီးမားလှပါသည့် စာပေနတ်ဘုရားမပင်ဖြစ်သည်။

“ကဲ သဘောတကျကြည့်နေတာလေးတွေလည်း လျှော့ကြဦး။မေးခွန်းလေးကြည့်ကြမယ်နော်”

စာပေနတ်ဘုရားမက အားလုံး၏ရှေ့တွင် ထားပေးထားသည့် စားပွဲနှင့်ထိုင်ခုံတွင်နေရာယူလျက် ပြုံးပြသည်။သူမဘေးက အစေခံမလေးက စာလိပ်တစ်ခုကို ကျောင်းအုပ်ကြီးဖန်ထံယူလာပေးလေ၏။

“​စိမ့်စမ်းသွင်သွင်..’

ခေါင်းစဉ်သည်ထိုမျှသာဖြစ်သည်။တိုသည်။ရှင်းသည်။ဖွဲ့ဆိုလိုသည့် အဓိပ္ပာယ်များကို အများကြီးဖွဲ့ဆိုနိုင်သည်မို့ အားလုံးက ခေါင်းခဲသွားရရင်း နတ်ဘုရားမ၏အလှတရားတွင်လည်း မနစ်မြောနိုင်တော့ဘဲ အဖြေလွှာကိုသာ အသည်းအသန် အာရုံစိုက်ကြတော့သည်။

ကောင်းကင်ချစ်ကြိုးWhere stories live. Discover now