(Part-12)Zawgyi/Unicode
110 8 12
Zawgyi
======
“ပြန်တော့”
“ဟင်!! ခုကမှောင်နေပြီလေငါဒီမှာညအိပ်လို့  မရဘူးလား”
“ဟက်! ဘယ်သူမှမရှိတဲ့ အိမ်ထဲမှာ ကျွန်တော်က ခင်ဗျားလိုလူနဲ့ ဘယ်လိုနေရမလဲ”
“အာ... ဟုတ်ပြီ ငါပြန်လိုက်မယ်”
သူ့ကိုစကားတောင်ပြန်မပြောလာပုံကြည့်ရတာ အတော်ဒေါသထွက်နေပုံရသည်။ ဘာမှထပ်မပြောတော့ပဲ
ထွက်လာခဲ့လိုက်သည်။ခြံအပြင်ဘက်ရောက်တော့သူအခန်းဘက်ကို တစ်ချက်လှည့်ကြည့်ပြီး
“ဆေးသောက်ဖို့တောင်မပြောခဲ့ရဘူး ဦးနှောက်ကလဲကောင်းလိုက်တာ အမှန်ဆိုသူ့ကိုအရင်သွားမထိပဲ ဆေးအရင်သောက်ဖို့ပြောရမှာကို ”
တိုက်တိုက်ဆိုင်ဆိုင်မိုးကလဲဖွဲလာသေးသည်။
လမ်းလျှောက်ပြန်ရပါမယ်ဆို မိုးကမိတော့မှာပဲ
နော်အောင် ပြန်အိပ်ဖို့လုပ်တော့ သူအိပ်ရာဘေးကခုံပေါ်တင်ထားသည့် ဆန်ပြုတ်နှင့်ဆေးခွက်ကိုတွေ့လိုက်ရတော့တစ်ချက်အ့ဩသွားပြီး
“ဟိုလူလာပို့ထားတာလား ခနကမမြင်မိလိုက်ဘူးကျစ်! ဘာတွေမှန်းလဲမသိ တော့ဘူး”
မိုးမိထားတော့ လူတကိုယ်လုံးကိုက်ခဲပြီးကိုယ်တွေပူနေတာ
ခေါင်းတောင် မနည်းထောင်နေရတာ ခနကဒေါသထွက်နေလို့သာ မသိသာတာ ။သူဖုန်းယူလိုက်ပြီး
“ဝေ့... ဆွတ်နောင်အိပ်နေပြီလား”
'မအိပ်သေးဘူးအစောကြီးရှိသေးတာကို'
“အားရင်... မင်းကားနဲ့ဟိုလူကိုအဆောင်ပြန်ပို့ လိုက်”
နော်အောင်အပြင်ဘက်ကိုတစ်ချက်ကြည့်ရင်း
“မိုးဖွဲနေတာ ဒီတိုင်းထွက်သွားလို့ ”
'မင်းကလဲ အ့လိုလွှတ်လိုက်ရလားသူများက ကိုယ့်ကိုသဘောကျနေလို့ လုပ်ချင်သလိုလုပ်မနေနဲ့ '
“လျှာရှည်တယ်မြန်မြန်ထွက်ခဲ့တော့ဟိုက ပြန်ရောက်တော့မယ်ပြီးတော့ အနွေးထည်တစ်ထည်လောက်ယူခဲ့လိုက်အသစ်နော် ၀တ်ပြီးသားမယူသွားနဲ့ငါကြိုခိုင်းတယ်လို့ မပြောနဲ့နော် တိုက်ဆိုင်သွားသလိုလုပ်”