( 3 )

719 102 9
                                    

[ Zawgyi ]

" ဒီနေရာကို ဘာလို့ခေါ်လာတာလဲ ? "

" လိုအပ်လို့် "

ဆောနူ၏ အမေးကို Leopard က သူ့ထုံးစံအတိုင်း ခပ်ပြတ်ပြတ် စကားတစ်ခွန်းဖြင့်သာ အဖြေပြုသည် ။

ဆောနူတို့ အခုရောက်နေသည့်နေရာက တောအုပ်အလယ်ရှိ မျှော်စင်တစ်ခုအပေါ်မှာ ဖြစ်သည် ။ မနေ့ညက ဆောနူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး မနက်မိုးလင်းချိန်မှာ တံခါးခေါက်သံ တစ်ခုကြောင့် နိုးထလာခဲ့ရ၏ ။ တံခါးဖွင့်ကြည့်တော့ leopard ဖြစ်နေပြီး သူ့နောက်က လိုက်ခဲ့ဖို့ လာခေါ်ခြင်းဖြစ်သည် ။ ဆောနူလည်း ဘာမှမမေးတော့ပဲ အိပ်ချင်မူးတူးနှင့်ပင် သူ့နောက်လိုက်လာခဲ့မိရာ အခုတော့ တောအုပ်အလယ်ဝယ် ဘာမှန်းမသိပဲ ယောင်လည်လည် ရပ်ကြည့်နေရ၏ ။

Leopard ၏ စီးတော်ယာဉ် ဆိုင်ကယ် နှင့်ပင် တစ်နာရီနီးပါးလိုက်စီးခဲ့ရပုံထောက်လျှင် ဤတောအုပ်သည် ညကရောက်ခဲ့ရသည့်လျှို့ဝှက်အိမ်နှင့် မိုင်အနည်းငယ် ဝေးကွာပုံရသည် ။

စိတ်ဝင်စားစရာကတော့ ဆောနူတို့် အခုရပ်ကြည့်နေသည့် မျှော်စင်ဘောင်ပေါ်တွင် ရှိနေသည့် Sniper Rifle တစ်လက် ။ ထိုလက်နက်က ဒီနေရာမှာ ကြိုတင် ရှိနေခြင်းသည် အနည်းငယ်တော့ ထူးဆန်း၏ ။

" ဒါကို ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်လား ? "

ငေးနေမိတုန်းမှာပင် Leopard ၏ ခပ်တိုးတိုးအမေးသံဟာ တိတ်ဆိတ်သည့် လေထုကို ခွင်း၍ ထွက်ပေါ်လာသည် ။
သူက အမှန်တကယ်ပင် အရိပ်အကဲဖမ်းတတ်တာရာ လှုပ်ရှားမှုတွေရော လျင်မြန်လွန်းသည် ။

" ပစ်တတ်တာပေါ့ .. အေးဆေး "

" အင်း .. ဟိုမှာ ကျားတစ်ကောင်တွေ့လား "

" တွေ့တယ် ၊ ဒီဘက်လာနေတဲ့ သမင်အုပ်ကို ချောင်းနေတဲ့ပုံပဲ ။ "

" တွေ့ရင် ပစ်လိုက် "

" ဟင် "

ဆောနူ ရုတ်တရက် အာမေဋိတ်သံပင် ပြုမိသွားသည် ။

" ပစ်လိုက်လို့ ၊ အဲ့ဒီကောင် သမင်တွေကို မဆွဲခင် အမှီပစ်နိုင်ရင် ခင်ဗျားရဲ့ ဒီနေ့ လုပ်စရာ အောင်မြင်ပြီ "

Beloved Murderer [ SunKi ]Where stories live. Discover now