( 6 )

504 86 10
                                    


[ Unicode ]

မှုန်ပျပျ မီးရောင်လေးသာ ရှိနေသည့် အခန်းငယ်က မသင်္ကာစရာ ရနံ့တို့နှင့် ဖုံးလွှမ်းလို့ နေသည် ။

ဝင်ဝင်ချင်းမှာပင် စူးခနဲ ရရှိတဲ့ ရေမွှေးနံ့တို့ကြောင့် ဆောနူ ကျစ်တစ်ချက် စုတ်သပ်မိလိုက်၏ ။ နောက်ပြီး ထိုရေမွှေးနံ့တင် မဟုတ်ပဲ စိတ်ပျက်စရာကောင်းတဲ့ ဆေးနံ့ ... ၊ အဲ့ဒီ ရွံမုန်းစရာ ဆေးနံ့ ကိုပါ ဆောနူ ကောင်းကောင်းကြီး အာရုံခံမိနေသည် ။

အနီရောင်ဝတ်မိန်းမပျိုက ရှေ့ကဦးဆောင်ခေါ်သွားပြီး ဆိုဖာခုံပေါ်တွင် အရင်ဆုံး နေရာယူထိုင်သည် ။ ရီခီကတော့ ဆောနူ၏ လက်ကို ဆွဲထားလျက်နှင့်ပင် သူမနှင့် မျက်နှာချင်းဆိုင်မှာရှိတဲ့ တစ်ဖက်ဆိုဖာခုံပေါ်၌ ဆောနူကို အတူဝင်ထိုင်စေ၏ ။

အခုချိန်ထိ လက်ကို လွှတ်မသွားပဲ တောက်လျှောက်ဆုပ်ကိုင်ထားပေးတာကိုပဲ ဆောနူ ကျေးဇူးတင်မိသည် ။ Owl နဲ့တွေ့ချိန်ကတည်းက အေးစက်လာသည့် သူ့လက်ဖဝါးက
နွေးမနေတော့ပေမယ့် ဆုပ်ကိုင်ထားသည့်် အထိအတွေ့လေးကတော့ မောပန်းနေသည့် နှလုံးသားငယ်ကို နွေးထွေးနေစေ၏ ။

ဆောနူတို့ ထိုင်နေသည့် ဆိုဖာနှင့် ကပ်လျက်က ကျွန်းစားပွဲကြီးပေါ်တွင် စားတော်အုပ်သဏ္ဌာန် ပစ္စည်းများရှိနေသည် ။ လှမ်းကြည့်နေသည့် ဆောနူကို မိန်းမပျိုက သတိထားမိဟန်ရှိကာ တစ်ခုကိုယူ၍ အဖုံး ဖွင့်ပေး၏ ။

" လွတ်လွတ်လပ်လပ် သုံးဆောင်ပါ "

မြင်လိုက်ရသည့် အရောင်မျိုးစုံ သဏ္ဌာန်မျိုးစုံ ဆေးပြားများကြောင့် ဆောနူ တစ်ကိုယ်လုံး အေးခဲသွားသလို ခံစားရသည် ။

ဆောနူ၏ အခုခံစားချက်က ကမ်းပါးစွန်းကနေ ချောက်ထဲ ပြုတ်ကျသွားသလို ခံစားချက်မျိုး ။ မမှန်စေချင်သည့် အတွေးများက မှန်နေသည် ။ Owl လို စုံစမ်းရေးအရာရှိက ဒီလို တရားမဝင် ကိစ္စတွေနှင့် ဘယ်လိုများပတ်သက်နေလေသလဲ ? ဆောနူ အတွေးများရပြီ ။

" မင်းကိုကြည့်ရတာ စိတ်ညစ်နေသလိုပဲ "

ထွက်ပေါ်လာသည့် ရီခီ့အသံက တည်တည်ငြိမ်ငြိမ် ။

Beloved Murderer [ SunKi ]Where stories live. Discover now