part 1

19.5K 102 7
                                    

(Unicode)

"သီရိမ နင် ငါ့ကို တစ်ခုလောက် ကူညီမလား"

"ဘာလဲ"

"ငါ မေခကို ကြိုက် လို့"

"ချီး ကိုဖြိုး"

"အငယ်မ ငါက အကြီးနော်"

"အေးလေ ငါလည်း ကိုဖြိုးလို့ပဲခေါ်တာလေ။မောင်လေးဖြိုးလို့လည်း မခေါ်လိုက်ရ။ငဖြိုးလို့လည်း မခေါ်လိုက်ရပါဘူး"

"ချီး ဆိုတာကရော"

"ချီးဆိုတာက အိမ်သာထဲမှာလေ"

ကျွန်တော့်ကို လက်ညိုးထိုးပြီး ပြောရင်း ပြေးထွက်သွားသောသူမကတော့ ကျွန်တော်ထက်၁နှစ်ခွဲသာ ငယ်တဲ့ ကျွန်တော့ ရန်သူတော် ညီမလေးအရင်းပါပဲ။ကျွန်တော်တို့မိဘတွေက မောင်နှမအချင်းချင်းကူညီဖက်ရအောင်ဆိုပြီး အတန်းကိုလည်းအတူတူ၊အခန်းကိုလည်း အတူတူဖြစ်အောင် စီစဉ်ထားသည်လေ။အရပ်ကတော့ ကွာပေမယ့် အတန်းတွေ တူတာကြောင့် အမွှာလားလို့တောင် ထင်ကြသေးသည်။ ဒါကြောင့်လည်း သီရိမက ကျွန်တော့ကို မခန့်လေးစားလုပ်နေတာပေါ့။

"Hello မေခ ..."

"အေး သီရိ ပြော"

"နက်ဖြန်လေ ဟန်က ငါ့ကို စာသွားမေးရင်းနဲ့ မုန့်စားသွားမလို့ ဆိုပြီး တွေ့နေကျနေရာမှာ ချိန်းထားတယ်"

"ဘာ...နင်တို့ နှစ်ယောက်ထဲလား"

"ဟုတ်တယ်"

"ငါ ဟန့်ကို ကြိုက်နေတာ သိရဲ့သားနဲ့ နင်ကအခုလိုလာပြောပြနေတာ။ခင်လို့လား ဒါမှမဟုတ် ရန်ရှာချင်လို့လား သီရိ"

"အာ.... မေခကလည်း စိတ်ကြီးပဲ။ တကယ်တော့ ငါက မအားဘူးဖြစ်နေတာ။အဲ့ဒါ နင် သူ့ကို လိုက်ကူနိုင်မလားလို့ အကူအညီတောင်းမလို့ပါ"

"အော် အဲ့လိုလား။ ရတယ် ရတယ် သီရိ ငါလိုက်ကူပေးလိုက်မယ်။ဟန့်ကို‌တော့ မပြောထားနဲ့ဦး။ငါသူ့ကို အံ့ဩသွားအောင်လုပ်မလို့။ကျေးဇူးပါ။"

ပြောပြီးပြီးချင်း ဖုန်းချသွားသော သူမ။ကျွန်မကိုဆို ဘယ်တော့မှ အကောင်းမမြင်သလို အဆိုးလည်း မမြင်သော သူမ။သူမကတော့ ရည်းစားအရမ်းများဖူးတဲ့ ကျွန်မတောင် ချစ်မိသွားရတဲ့အထိ လှပလွန်းသော ကောင်မလေး မေသွန်းခ။သူမကတော့ ဟန်ရဲသွေးကိုသာ ချစ်သည် တဲ့လေ။ဟန်နဲ့ ကိုဖြိုးက အရပ်တူ၊ အရွယ်တူ၊ရုပ်ချောတာချင်းလည်းတူသည်လေ။အသားအရည်မှာ ဟန်က ပိုဖြူပြီး စာပိုင်းမှာလည်း ပိုတော်နေသည်မို့လားမသိ မေခက ဟန့်ကို အရူးအမူးဖြစ်နေသည်။ဟန်က လူရှုပ်လူပွေ ပေမယ့် မေခကိုတော့ သူငယ်ချင်းထက်မပိုဖူးသည်မို့ စိတ်ချရပေမယ့် အခု အကိုဖြစ်သူ စကားကြောင့် သူ့အကိုဘက် စိတ်ပါလာမည်စိုး၍ ဒီအကြံကို ကြံစည်ရခြင်း။

Intricate Love Season 2 🔞🚫Where stories live. Discover now