Part 2

6.7K 55 0
                                    

(Unicode)

"ဘယ်သူလဲ"

မေခ မေးလိုက်သော်လည်း ဘာမှ မဖြေပဲ အနက်ဝတ် လူနှစ်ယောက်က မေခကို လာဖမ်းချုပ်ကြသည်။

"အား လွတ်စမ်း ရှင်တို့ ဘယ်သူတွေလဲ။ဘာကိစ္စ နိုင်ထက်စီးနင်းလုပ်နေရတာလဲ....ကယ်ကြပါဦးရှင်။ကယ်ကြပါ....."

ထိုလူများ ဆွဲခေါ်ရာနောက်သို့ အော်ဟစ် ရင်း ပါသွားခဲ့သည်။တချို့အခန်းက လူတွေ ထွက်ကြည့်ကြပေမယ့် ဘယ်သူမှ ဝင်မကယ်ကြပါ။

"ကယ်ကြပါ။ကယ်ကြပါဦး လွှတ်...ငါ့ကိုလွှတ်.... ကိုဖြိုးးးးးး"

ကားပါကင်တွင် ကိုဖြိုးကို လှမ်းတွေ့လိုက်ရတော့ အကူအညီရလိုရငြား အော်လိုက်သည်။အနက်ဝတ်စုံနှင့် လူနောက်တစ်ယောက်က ပါးစပ်ကို အစနဲ့ ချည်ပြီး ကားထဲဆွဲခေါ်သည်။ကားပေါ်ရောက်တော့ လက်ကို နောက်ပြန်တုပ်ကာ ကြိုးနှင့် အထပ်ထပ်အခါခါ ရစ်ပတ်ပြီး ချည်သည်။ကားပေါ်မှနေ၍ ဟန် ကိုလည်း ကားတစ်စီးထဲ ဆွဲခေါ်သွားတာ တွေ့လိုက်ရတော့ ဟန်ကိုလည်း စိတ်ပူမိသည်။ရုန်းကန်နေသည့် မေခကို မေ့ဆေးနှင့် အုပ်လိုက်သည်ထင်၏။မျက်လုံးတစ်ခုလုံးလေးလံလာကာ အမှောင်ကျသွားသည်။

သူရိန်ဖြိုးနှင့် သီရိဖြိုးတို့ အခန်းထဲ ပြန်ရောက်လာတော့ မေခကိုမတွေ့ ။ဟန် ကိုလည်း မတွေ့တော့ပေ။

"ကိုဖြိုး...မေခတို့ရော..."

"ငါလည်း အခုမှရောက်တာလေ။နင်က ငါ့ကို လာမေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ"

"ဒီအခန်းထဲမှာ မရှိတာ သေချာတယ် ကိုဖြိုး။နှံ့စပ်အောင် ရှာပြီးပြီ။တကယ်မရှိဘူး"

"ဖုန်းခေါ်ကြည့်နော်...ငါ ဘေးအခန်းတွေကို မေးကြည့်လိုက်မယ်"

သူရိန်ဖြိုးတစ်‌ယောက် စားသောက်ဆိုင်‌မှာ ရပ်ထားသည့်ကားထဲ ဝင်နေတုန်း မေခရဲ့ ခေါ်သံကို ခဏကြားလိုက်ရပြီး မေခ လားလို့ ကြည့်လိုက်တော့လည်း မေခကိုမတွေ့ပါ ။မေခကို အရမ်း စွဲစွဲလမ်းလမ်း ချစ်နေတုန်းပဲလား ဆိုပြီး ကိုယ့်ကိုကိုယ်ပြန်မေးပြီး ပြုံးမိသွားသေးသည်။ဘေးအခန်းက လာပြောမှ သိရသည်။ SWF အဖွဲ့က ဖမ်းသွားသည်တဲ့။ သူရိန် အနက်ရောင်ဝတ်နှင့် လူများကို မြင်ယောင်မိသည်။ သူတို့များလား?

Intricate Love Season 2 🔞🚫Where stories live. Discover now