Part 6🔞

16.7K 87 25
                                    

(Unicode)

"ဟင် ကိုကို သွားလုပေးလာတဲ့ ခဲဖျက်တွေက ကိုကို့ ခဲဖျက်တွေလား"

"ဟုတ်တာပေါ့။ ကို့မှာ ဆင်တူ ခဲဖျက်လေးတွေ အများကြီးရှိတယ်။ဒယ်ဒီတို့က ကိုယ်တို့ကို သူများနဲ့မတူအောင်ဆိုပြီး သက်သက် လုပ်ထားပေးတာ။တခြားမှာ ဝယ်လို့ရမှာမဟုတ်ဘူး။ကိုကိုက တခြားလူဆီက မလုပဲ ကိုကို့ ခဲဖျက်လေးတွေကို ပေးခဲ့တာ။ခဲဖျက်ပျောက်လို့ အိမ်မှာ အဆူ ခံရတယ်သိလား"

"ဟီးး.. sorry ကိုကို...ဒါဆို ဟန် ဆီမှာရှိနေတဲ့ဟာကရော"

"ကိုကို ပေးထားတာ‌လေ"

"ဒါပေမယ့် ကိုကိုက ခကို ဘယ်လို မှတ်မိနေတာလဲ"

"အလယ်တန်းကျောင်းမှာ ခနဲ့ အတန်းအတူ ဆုံကြတော့ ခရဲ့ ခဲဖျက်လေးတွေ ထုတ်ကြည့်တဲ့အချိန် ရုတ်တရတ်တွေ့သွားတာ။ကို့ရဲ့ ခဲဖျက်တွေ အများကြီးရှိနေတော့ ခ လား။ ခ မဟုတ်ဘူးလားဆိုပြီး တွေးနေခဲ့တာ။‌နာမည် သိလိုက်တော့ ခ ဆိုတဲ့ စကားလုံးလေးပါတာနဲ့ ကိုကိုက သိလိုက်ပြီလေ။ဒါပေမယ့် ခ က အရမ်းပြောင်းလဲသွားပြီ။အရင်က ခ အရမ်းကြိုက်တယ်ဆိုပြီးလုစားခဲ့တဲ့ ခေါက်ဆွဲကြော်ကိုတောင် မကြိုက်တော့ဘူးလေ။ကိုကို့ကိုရောပဲ"

"ဟင့်အင်း မဟုတ်ပါဘူး။ခ က ဟန်ကို ကိုကိုလို့ထင်သွားတာ အဲ့ဒါကြောင့်"

"အဲ့ဒါကြောင့် ဟန့်ကို အရူးအမူးကြိုက်နေတာလား"

"ကိုကိုကမှ မပြောပြတာ။ခ က ဘယ်လိုသိမှာလဲ။ ဟုတ်တယ်"

"အစကတည်းက ကိုကိုလို့ သိခဲ့ရင်ရော ဟန်ကို လုပ်သလို ကို့ကိုလည်း အမိဖမ်းမှာလား"

"ဟာ ကိုကိုနော်။ကိုကို့ ကိုက ဖမ်းစရာမလိုဘူးလေ။ကိုကိုက ခ ကို ကြိုက်ပြီးသားမဟုတ်ဘူးလား"

"ကိုကို့ကို ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူးဆိုပြီး ပါးရိုက် ငြင်းခဲ့တာတောင် သတိရသွားပြီ။"

"ဟာ ကိုကိုကလည်း မကြိုက်ဘူးလေ ချစ်လို့တော့ ရတယ်မလား"

"မသိဘူး စိတ်ဆိုးတယ်"

"ဟာ ကိုကို စိတ်မဆိုးနဲ့နော်"

စိတ်ဆိုးတဲ့ပုံစံနဲ့ စနောက်လိုက်တော့ ခ က သူရိန်နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် အားယူပြီး လှည့်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Mar 03, 2022 ⏰

Add this story to your Library to get notified about new parts!

Intricate Love Season 2 🔞🚫Where stories live. Discover now