Episode 17

6.9K 622 18
                                    

" အန်တီ သွားပြီကလေး နဖူးလေးကိုနမ်းခဲ့တယ်နော် ချစ်တယ်ကွယ်"

အိပ်ယာခင်းပေါ်ကစာငယ်တစ်ခုကို အသာအယာယူလိုက်ရင်း ပျင်းကြောလေးဆန့်မိသည်။ သာယာတဲ့မနက်ခင်းလေး ဘာလိုလိုနဲ့ဒီကိုရောက်နေတာရက်တွေကြာနေပါရောလား။မျက်နှာသစ်ကာ ကော်ဖီပူပူတစ်ခွက် နဲ့ ပေါင်မုန့်ကြက်ဥကြော်လေးကိုစားပြီးလုံလုံ့ကိုခေါ်ကာ
ခြံထဲဆင်းလာလေသည်။

" ဟိတ်မေဘယ်"

တစ်ဖက်ခြံစည်းရိုး ဆီကနေခေါ်သံကြားရ၏။ သူရအောင်ဖြစ်သည်။ သူ့ကြည့်ရတာ ဆေးတွေပေနေ၏။လှေကားနှင့် ခြံစည်းရိုးနံရံကိုဆေးသုတ်နေသည်ထင်သည်။

" ဪ အင်း"

အန်တီဆူမှာစိုးနေသော ဒီကောင်မလေး ပြန်စကားမပြောသော်လည်းမကောင်းချေ။

" ငါ ဟိုနေ့က ကြာဆံချက်လာပို့သေးတယ် အန်တီက နင်အိမ်မရှိဘူးပြောလို့"

"အင်းဟုတ်တယ် "

"အေးပါ ခဏနော် ငါ ရေချိုးပြီးလာခဲ့မယ်"

ငြင်းမည်ပြုသော်ငြား သူရအောင်ကမရှိတော့ မတတ်သာတဲ့အဆုံး အိမ်ထဲဝင်ရလေသည်။ ခဏနေတော့ရောက်လာပါပီ ။ အိမ်ဖော်မလေး ၃ယောက်ကိုအနားမှာသာနေပေးဖို့မေဘယ်မှာထားရ၏။
သူရအောင်ရောက်လာတော့ ဧည့်ခန်းရဲ့ခုံလေးတွင်ထိုင်ခိုင်းလိုက်လေသည်။ တစ်ဖက်ကခုံမှာမေဘယ်နှင့်အတူ အိမ်ဖော်မလေး ၃ယောက်ကထိုင်၏။

" ဪ အမတို့ လုပ်စရာရှိတာသွားလုပ်လေ ကျနော်က မေဘယ့် သူငယ်ချင်းပါ"

"ရပါတယ်ရှင်"

"အမတို့ရှိနေတော့ ကျနော်စကားပြောရတာနည်းနည်းအန်းတန်းတန်းနေလို့"

"ရပါတယ် ပြောစရာရှိတာပြောပါ ကျမတို့ကလဲ မမလေးအနားမှာနေပေးမှဖြစ်မှာမို့ပါ"

သူရအောင်လည်း ရှက်ကာ ဧည့်ခံထားတဲ့ကော်ဖီလေးကိုသောက်ရလေသည်။

"တီ တီ တီ"

"ဒုက္ခပဲအန်တီပြန်လာတာများလား"

ရင်ထဲမှာစိုးထိတ်မိ၏ ။ ထိုသို့စကားပြောနေသည်ကိုမြင်လျှင်ခမ်းစိတ်ဆိုးပေမည်။

အန်တီ့ရဲ့ရတနာWhere stories live. Discover now