story1

44 3 0
                                    


တစ်ခါတုန်းကပေါ့ထရာသတ်ဆိုတဲ့ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာသစ်ပင်တွေအများကြီးရှိသတဲ့။အဲ့ဒီတစ်ကမ္ဘာလုံးမှာထရာသတ်ရွာကသစ်ပင်တွေအများဆုံးပဲတဲ့။အဲ့ဒီရွာမှာသစ်ပင်တွေဘယ်လောက်များသလဲဆိုရင်တစ်ချက်လှည့်တာဖြစ်ဖြစ်မျက်လုံးဖွင့်တာဖြစ်ဖြစ်သစ်ပင်တွေကိုတွေ့ရသတဲ့။အဲ့ဒီရွာကသဘာဝအတိုင်းအရမ်းလှတယ်။
အဲ့ဒီရွာမှာနေထိုင်တဲ့ခီရိုစ့်နဲ့မီထာဆိုတဲ့အလွန်ချစ်ကြတဲ့မွေးစားမောင်နှမနှစ်ယောက်ရှိတယ်။သူတို့နှစ်ယောက်အားတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတယ်။ပြီးတော့အရမ်းလည်းချမ်းသာကြတယ်။အဲ့ဒီရွာမှာအယူအဆတစ်ခုရှိတယ်။အဲ့ဒါကတော့လပြည့်နေ့မှာကောင်းတဲ့သစ်ပင်တွေကစကားပြောကြတယ်။လကွယ်နေ့မှာမကောင်းတဲ့သစ်ပင်တွေကစကားပြောတယ်။အဲဒီရွာကလူတွေဟာဘာပဲလုပ်လုပ်လပြည့်နေ့မှာကံကောင်းတယ်လို့မှတ်ယူတာကြောင့် လုပ်စရာရှိတာတွေကိုလပြည့်နေ့မှာလုပ်ကြတယ်။ မီထာဟာသူမမွေးနေ့အကြောင်းကိုသူမအကိုကိုပြောတယ်။
အကိုလပြည့်နေ့ဆိုညီမရဲ့မွေးနေ့ရောက်ပြီနော်...
လို့မီထာပြောလိုက်တယ်
မွေးနေ့မာပျော်ရွှင်ပါစေ
လို့ပဲပြောပြီးသူမအကိုကလှည့်တောင်မကြည့်ပဲထွက်သွားခဲ့တယ်။မီထာအရမ်းဝမ်းနည်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့
ခီရိုစ့်ဟာမီထာအပေါ်အရင်လိုဂရုမစိုက်တော့ဘူး။ခီရိုစ့်ဟာရိုမီကြောင့်မီထာအပေါ်ဂရုမစိုက်တော့တာပါ။မီထာသိနေပါတယ်။ခီရိုစ့်ဟာရိုမီကိုကြိုက်နေတဲ့အကြောင်းကိုပေါ့။ခီရိုစ့်ဟာသူ့သူငယ်ချင်းတွေနဲ့တိုင်ပင်နေတာကိုမီထာကြားခဲ့တယ်။အဲ့ဒါကရိုမီမွေးနေ့ဟာလပြည့်နေ့ဘဲဆိုတာအဲ့နေ့မှာရိုမီအတွက်မွေးနေ့ကိုခီရိုစ့်ကပြင်ဆင်ပေးမှာပါတဲ့။
(စာရေးသူပြောစရာရှိပါတယ်-ခီရိုစ့်ဟာအမှန်တော့အရမ်းချောတဲ့အကိုကြီးပါ🤤)
မီထာအတွက်ဘာမှမလုပ်ပေးဘူး။မီထာက
"ရပါတယ်လေငါ့မွေးနေ့ကိုလပြည့်နေ့မှာမလုပ်ပဲလပြည့်ကျော်2ရက်နေ့မှာလုပ်တော့မယ်"
ဆိုပြီးနေလိုက်တယ်။မီထာကစဥ်းစားတယ်ငါ့ရဲ့မွေးနေ့ကလပြည့်နေ့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးမယ်။အခုတော့ရပါတယ်လေငါ့အကိုရှိနေရင်ပြည့်ဆုံပြီအခုတော့သူဂရုမစိုက်ပေမဲ့ငါ့မွေးနေ့ကိုတော့သူဂရုစိုက်ပေးမှာပါ။ဒီလိုနဲ့လပြည့်ကျော်2ရက်နေ့ရောက်လာတယ်။မီထာလည်းသူ့မွေးနေ့အတွက်စားစရာမုန့်တွေကိုခြင်းတောင်းနဲ့ဆွဲပြီးသူအကိုကိုခေါ်လိုက်တယ်။မီထာကအတင်းခေါ်တယ်။သူ့အကိုကမလိုက်ချင်ဘူးလို့ပြောလိုက်တာကိုကြားလိုက်ရတော့မီထာတော်တော်ဝမ်းနည်းသွားပြီး။သူမဟာတောထဲသွားပြီးပျောက်ဆုံးသွားတယ်လို့သိရတယ်။တစ်နေရာရာမှာထင်းရှာတဲ့လူကြီးကတွေ့ပြီးသူမအလောင်းကိုသယ်လာခဲ့တယ်။သူ့အကိုကအရမ်းဝမ်းနည်းသွားတယ်
သူမရဲ့အလောင်းကိုမြေမြုပ်လိုက်တယ်။
(တစ်ခုပြောပြပါမယ်နော်အဲ့ရွာကလူတွေကသေပြီးရင်သစ်ပင်ဖြစ်ပါတယ်တဲ့ဒါပေမဲ့မီထာကသစ်ပင်မဖြစ်သွားပါဘူးသူမကိုကောင်းကင်ဘုံကရှင်သန်ခွင့်တစ်ခုပြန်ပေးလိုက်ပါတယ်)
မီထာပြန်လည်ရှင်သန်လာခဲ့တယ်။သူမရဲ့အကိုကိုဂရုမစိုက်တော့ဘဲ။ရိုမီကိုလက်စားချေဖို့ပြန်လာခဲ့တယ်။မီထာဟာရိုမီကိုတဖြည်းဖြည်းချင်းဒုက္ခပေးတာပေါ့။ခီရိုစ့်ဟာသူ့ညီမသူ့အပေါ်ပြောင်းလဲသွားတာကိုဘာကြောင့်မှန်းမသိခဲ့ဘူး။မီထာကသူ့အကိုကိုဖြေးဖြေးချင်းနှိပ်ဆက်ပြီးသတ်ပစ်ခဲ့တယ်။ဘာကြောင့်သတ်မိခဲ့တယ်ဆိုတဲ့အကြောင်းပြချက်ကိုမသိပါဘူး။ဒီတိုင်းစိတ်ထဲမှာသတ်ရမယ်ဆိုတဲ့အသိပေါ်လာလို့ပါပဲ။ရိုမီဟာမီထာလုပ်လို့
အရှက်တကွဲဖြစ်ခဲ့ရတယ်ဒါကြောင့်ကိုယ့်ကိုကိုအဆုံးစီရင်သွားတယ်။
ပြီးနောက်သူမကိုယ်သူမစကားပြောပုံ၊ခန္ဓာကိုယ်အချိုးအစား၊သူမနာမယ်ကိုရောပြောင်းပစ်ခဲ့တယ်။မစ်နိုရာ...မီထာပြောင်းလိုက်တဲ့နာမယ်။သူမကအခြားတစ်ယောက်လိုပဲ။မစ်နိုရာအဲ့ဒီရွာကနေ S Cityကိုပြောင်းသွားတယ်။သူမဟာတဖြည်းဖြည်းအောင်မြင်လာအောင်လုပ်ပြီးတစ်ကမ္ဘာလုံးရဲ့နံပါတ်1အလှလေးပြီးတော့နောက်တစ်မျိုး bossဖြစ်သွားတယ်။သူမရဲ့အလှတရားနဲ့သူမရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်တကမ္ဘာလုံးရဲ့ကြောက်စရာကောင်းတဲ့အလှလေးဖြစ်လာခဲ့တယ်။ဒါပေမဲ့သူမမှာတွဲဖက်မရှိဘူးတဲ့။
အဲ့တာကြောင့်သူမဘေးမှာရှိတဲ့ဂျိန်းချက်စ်ကိုသူမရဲ့ချစ်သူအဖြစ်ထားခဲ့တယ်။နောက်ဂျိန်းချက်စ်ဟာသူမကိုသစ္စာဖောက်ပြီးသူမစီက $5millions တောင်းယူသွားတယ်။သူမဟာစိတ်နာပြီး။သူမကိုယ်သူမပြန်လည်ပြင်ဆင်ခဲ့တယ်။သူမမွေးစားခဲ့တယ်ကောင်လေးတစ်ယောက်ကိုသူရဲ့မောင်အဖြစ်နဲ့ဇောင်ကိုပေါ့။ဇောင်ဟာချောမောခန့်ညားပြီးနွေးထွေးတဲ့သူတစ်ယောက်။ပြီးတော့မစ်နိုရာကိုအမြဲစောင့်ရှောက်သွားမယ်လို့ကတိပေးခဲ့တယ်။သူမအိမ်မမှာသူမကြိုက်တတ်တဲ့သစ်ပင်တွေကိုစိုက်ပေးတယ်။သူမကိုမထိခိုက်အောင်အမြဲကာကွယ်ပေးတယ်။မစ်နိုရာဘာကြောင့်မှန်းမသိဘူးဇောင်ကိုသဘောကျမိလာတယ်။(သူမရဲ့မောင်တစ်ယောက်အဖြစ်နဲ့မဟုတ်ဘူး)
တစ်နေ့မှာသူမဇောင့်ကိုသဘောကျကြောင်းဖွင့်ပြောလိုက်တယ်။
ဇောင်ပြန်ဖြေပေးလိုက်တယ်။
မင်းကိုယ့်ကိုတကယ်သဘောကျရုံပဲကျတာလား?မစ်နိုရာ
အင်းကျမရှင့်ကိုသဘောကျတာမဟုတ်ဘူးချစ်မိသွားတာ ဘာကြောင့်မှန်းမသိဘူးရင်းနှီးတဲ့ခံစားချက်တစ်ခုကိုရနေလို့။ရှင့်ကိုချစ်သွားတာထင်တယ်
ဇောင်ပြန်ဖြေသည်။
အင်းအဲ့တာဆိုကိုယ်လည်းမစ်နိုရာမင်းကိုချစ်တယ်။မင်းကိုကိုယ်ပြန်တောင်းဆိုတယ်ကိုယ့်ကိုလက်ခံပေးပါလားမစ်စ့်နိုရာ။
အင်းကျမလက်ခံတယ်
ဒီလိုနဲ့သူမတို့ချစ်သူတွေဖြစ်သွားပြီးနောက်မနက်မှာသူမတို့မွေးစားစာချုပ်ကိုသွားဖျက်ခဲ့တယ်။နောက်ရုံးချုပ်ကိုတစ်ခါတည်းသွားပြီးလက်ထပ်လိုက်တယ်။
သူမတို့ကလေး3ယောက်မွေးဖွားခဲ့တယ်။ယောက်ျားလေး2ယောက်နဲ့မိန်းကလေး1ယောက်ဖြစ်ပြီးလူတွေအကုန်လုံးပြောကြတာကတော့နေ2စင်းနဲ့လ1စင်းလိုပဲတဲ့။သူမရဲ့သားနှစ်ယောက်ကအမြဲတမ်းအေးစက်ပြီးချောမောခန့်ညားလွန်းတယ်။သို့သော်သူတို့ဟာသူတို့ညီမလေးကိုတော့အလွန်ချစ်သည်။သမီးကတော့ရေလိုတည်ငြိမ်ပြီးအေးချမ်းတဲ့အလှလေးလို့ကျော်ကြားတယ်။
မစ်နိုရာနဲ့ဇောင်တို့ဟာတဖြည်းဖြည်းအသက်ကြီးလာကြပြီသူတို့မိသားစုလည်းအေးအေးချမ်းချမ်းပျော်ရွှင်စွာနေသွားကြတော့သည်။
(စာရေးသူတစ်ခုပြောချင်ပါတယ်- ရိုမီဟာမီထာ့ရဲ့အလှကိုမနာလိုပြီးလူငှားကာမီထာကိုသတ်ခိုင်းခဲ့တာပါ။ကိုယ့်ဘာသာတောထဲမှာလမ်းပျောက်သွားတာဖြစ်နိုင်ပါ့မလား။ပြီးတော့လူတွေကသူတို့အတွေးနက်သူတို့လေ။နောက်တစ်ခုကရွာကကျိန်စာမိနေတာလူတွေကသေပြီးသစ်ပင်ပဲဖြစ်တာကသူတို့ဆန္ဒတွေမပြည့်ဝသေးလို့ပဲသူတို့ရဲ့စိတ်တွေကထွက်လို့မရကြဘူးသူတို့ရဲ့စိတ်တွေအကုန်ရှင်းသွားရင်ကောင်းကင်ပေါ်တတ်ရတယ်မီထာကကျတော့ရှင်သန်ချင်စိတ်ပြင်းပျလို့ဘဲ။မီထာနဲ့ခီရိုစ့်ကမောင်နှမအရင်းတွေမဟုတ်ပါ။ရိုမီကမီထာအပေါ်ခီရိုစ့်သဘောကျသွားမှာဆိုးလို့ မီထာအစကတည်းကအနိုင်ကျင့်ပါတယ်။
မီထာကသူမအကိုကိုကြိုက်ခဲ့တယ်အရင်က။သူမအကိုကသူမအပေါ်စိတ်ယိုင်တုန်းရှိသေးရိုမီဝင်ရှုပ်လို့အဲ့လိုတွေဖြစ်ကုန်တာ။)

ကျွန်မရဲ့အကိုက ကျွန်မရဲ့ ကယ်တင်ရှင်နဲ့ကြိုက်သွားတယ်(shortstory) By me✍️🏻Where stories live. Discover now