story 4

16 1 0
                                    

လစ်ဖီစားသောက်ဆိုင်မှာအထပ်ပေါင်း54ထပ်ရှိသည်။အပေါ်ဆုံးနဲ့အလယ်ထပ်များသည်သူဌေးများအတွက်သာဖြစ်သည်။
တစ်ချို့လူတွေကလည်းအောက်ဆုံးအထပ်နှင့်အလယ်အထပ်တွင်စားသောက်နိုင်သည်
အောက်ဆုံးအထပ်မှာသာမန်လူတန်းစားများအတွက်စီစဥ်ထားခြင်းဖြစ်သည်။
အပေါ်ဆုံးအထပ်တွင်မွေးနေ့ပါတီပွဲကြီးတစ်ခုကိုကျင်းပနေသည်။
အောက်ဆုံးအထပ်တွင် ပြိုင်ကားတစ်စီးထိုးရပ်
လာသည်။
ကားထဲမှာ လူနှစ်ယောက်ထွက်လာကြသည်။
သူတို့ထွက်လာသည်နှင့် လူအများအပြားထွက်လာပြီးကြိုဆိုကြသည်။
ထိုလူနှစ်ယောက်မှာ မီထာနှင့်ခီရိုစ့်တို့ဖြစ်တယ်။
သူတို့ရဲ့မွေးနေ့ကျင်းပရာ အထပ်ကိုအလျင်အမြန်ပင်ရောက်ရှိလာသည်။
အခန်းထဲ၌
နူးညံ့သိမ်မွေ့တဲ့မိန်းခလေးနှင့်ချောမောတဲ့လူငယ်တစ်ယောက်ထွက်လာသည်ကိုလူများကဝိုင်းကြည့်နေကြသည်။
သူတို့နှစ်ယောက်မှာလူအများ၏အာရုံစူးစိုက်မှုကိုရရှိသွားကြသည်။
ခီရိုစ့်ဟာသူမွေးနေ့မလို့သူရောက်ရောက်ခြင်းပင်ဧည့်ခံရခြင်းအလုပ်ကိုလုပ်ဆောင်နေရသည်။သူ၏သူငယ်ချင်းများနှင့်စကားပြောနေတုန်း။
ရိုမီရောက်လာသည်။
ခီရို့စ် 17ပြည့်တဲ့အတွက်happy birthday ပါနော်
နင်တောင်လူကြီးတစ်ယောက်ဖြစ်ဖို့တစ်နှစ်ပဲလိုတော့တယ်..
ရော့.....ဘဏ်ကပ်တစ်ခုနှင့်သော့တစ်ချောင်းကိုပစ်ပေးလိုက်သည်..
ခီရို့စ်ဟာအနည်းငယ်ကြည့်ရှုပြီးတဲ့အခါမှာ
မျက်ခုံးတစ်ဖက်မြင့်တင်လိုက်သည်။
ကျေးဇူး လို့ပဲပြောပြီးငြင်းဟန်မပေါ်ချေ။
ရိုမီအနည်းငယ်ပြုံးလိုက်သည်။
စကားခဏပြောနေချိန်အတွင်းမှာပဲ မီထာကဘေးနားမှာရောက်လာသည်။
ခီရို့စ်မီထာကိုပြုံးပြလိုက်ပြီးဘေးမှာထိုင်ခိုင်းလိုက်သည်။
ကိုကို မိတ်ဆက်ပေးစရာလူရှိတယ်လို့ပြောထားတယ်လေ
ညီမလေးနဲ့လိုက်ခဲ့။ သူတို့အနည်းငယ်လမ်းလျှောက်ပြီးတော့လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူမှာမီထာ၏အရင်ဘဝကဇောင်ဆိုတဲ့အမျိုးသားပင်။
ဟင်....မီထာ သူကဘယ်သူလည်း။
သူသိသော်လည်းမသိချင်ယောင်ဆောင်ပေးလိုက်သည်။
မီထာကပြောပြသည်...
ကိုကို သူ့ရဲ့နာမယ်ကဇောင်တဲ့ သူကကယ်တင်ရှင်ကြီးပေါ့
လမ်းတစ်ခုမှာညီမလေးသတိမေ့သွားတော့
သူပဲဆေးရုံပို့ပေးတာကိုကိုရဲ့ 
အော်...ဟုတ်လား။ဟူးတော်ပါသေးရဲ့..မီထာရဲ့ရည်းစားမဖြစ်သေးတာ
ဇောင်ရေ ဒီဟာကမီထာရဲ့ကိုကိုလေ ခီရိုစ့်တဲ့ဘယ်လိုလည်း ချောတယ်မလား?
တံတောင်ဆစ်နဲ့တို့ပြီးမေးလိုက်သည်။
အေး ချောတာတော့အတော်ချောတာ။
ကိုယ့်ရဲ့ညီမလေးကိုကယ်ပေးလို့ကျေးဇူးပါကွာ
မင်းတစ်ခုခုစားအုံးမလား
ဒီနေ့က ကိုယ့်ရဲ့မွေးနေ့လေ  ကြိုက်တာစားပေါ့ကွာ ရှေ့မှာရှိတဲ့ဇောင်ဆိုတဲ့လူရဲ့ရုပ်ရည်ကအနည်းငယ်နွေးထွေးနေသယောင်ယောင်အနည်းငယ်တော့ဗလတောင့်သည်ဒါပေမဲ့သူ့ထက်တော့မဟုတ်သူရဲ့အရပ်မှာ6'8ဖြစ်သည်။ရှေ့က6'3လောက်ပဲရှိသည့်ကောင်လေးကိုမေးပြီးရင်းနှီးစွာနှုတ်ဆက်လိုက်သည်။
မကြာခင်မှာယောက်ဖဖြစ်နိုင်ချေရှိတာကို။
ယောက်ဖလို့သာပြောတာပါကွာ  ကျနော့်ညီမနဲ့ဖြစ်နေမှကို ထားပါဗျာ ဇောင်ကတော်တော်ကြီးကို ရုပ်ရည်သန့်တယ်ဗျ။
ရှေ့ကဇောင်မှပြန်ဖြေလာသည်။
ရပါတယ်ဗျာ လမ်းမှာတွေ့လို့ကူညီလိုက်တာပဲကို  တစ်ခုခုစားသွားတာကတော့အားမနာနေတော့ဘူး ဒါပေမဲ့ ကျနော်ကအစာစားချင်တာမဟုတ်ဘူး အကို့ကိုစားချင်နေတာစားလို့ရမလား
ဘာကွ!
ရမလားကွ ယောကျာ်းအချင်းချင်းကို!
ငါကအဖြောင့်ကြီး!ကွေးမနေဘူး!
ဟာဗျာ အဖြောင့်ဆိုလည်း ကျနော်နဲ့ဆိုကွေးလေနော်
ကွေးစရာလား!
ကွေးရမှာပေါ့...ဇောင်ကပြုံးပြီးပြောလာသည်။
ရှေ့ကဇောင်အားစကားဆက်မပြောချင်တော့ပေ။ ငါ့ညီမကိုကယ်ပေးထားလို့သာပေါ့မဟုတ်ရင်ဒီကောင့်စောက်ခွက်စုတ်သွားလောက်ပြီ။
ဟမ့်!နေအုံး!ဒီကောင်ကဘာလားပဲ။ စားချင်စားငါ့ညီမကိုစားရမှာလေ။ဘာလို့ငါ့ကိုစားချင်ရတာလည်း။ကြောင်တောင်တောင်နဲ့!ဒီကောင်ဂေါက်နေတာလားဟ!အဲ့လိုတွေးပြီးထွက်သွားတော့သည်။
ဇောင်ကရှေ့မှမီထာမိတ်ဆတ်ပေးတဲ့သူမရဲ့ကိုကိုဆိုတဲ့ဟာလေးကိုကြွေမိသွားပြီထင်တယ်။
ရောက်လာကတည်းကလူကိုသေသေချာချာကြည့်ပြီးပြောနေတာကြီးကအသဲယားလိုက်တာကွာ
ဘယ်လိုပဲပြောပြောမြင်မြင်ချင်းချစ်မိတယ်ဆိုတာတကယ်ပါပဲလေ။အစကမယုံခဲ့ပေမဲ့အဲ့ဒီ
ခီရို့စ်ဆိုတဲ့လူကြီးလေးကိုတွေ့ပြီးယုံသွားတော့တာပဲ။သူ့ကိုကြည့်ပြီးပြောလိုက်တဲ့စကားကြောင့်တော်တော်လေးစိတ်ဆိုးနေမယ်ထင်တယ်။
စိတ်ဆိုးသွားတာလေးကချစ်ဖို့သိပ်ကောင်းတယ်။ကျနော်နည်းနည်းကံကောင်းသွားတာပေါ့ဗျာ။မဟုတ်ရင်ထိုးခံရမယ့်ကိန်းလေ။သူကဒေါသထွက်ပြီးအဖြောင့်လို့အော်သွားတာကို။
ဘာပဲဖြစ်ဖြစ်ကွာ သူဖြောင့်ရင်ငါကလည်းမကွေးကွေးအောင်လုပ်ပစ်မယ်။
ပြီးတော့ငါနဲ့တွေ့မှပဲကွေးရမယ်လူကြီး။
လောလောဆယ်တော့လွတ်လပ်ခွင့်ပေးထားလိုက်အုံးမယ် ချစ်ရတဲ့လူကြီး။

🎉 You've finished reading ကျွန်မရဲ့အကိုက ကျွန်မရဲ့ ကယ်တင်ရှင်နဲ့ကြိုက်သွားတယ်(shortstory) By me✍️🏻 🎉
ကျွန်မရဲ့အကိုက ကျွန်မရဲ့ ကယ်တင်ရှင်နဲ့ကြိုက်သွားတယ်(shortstory) By me✍️🏻Where stories live. Discover now