အပိုင်း {၆} {Z+U}

367 79 5
                                    

အပိုင်း ခြောက်- နတ်ဘုရားအဖြစ် ခြောက်ရက်မြောက်နေ့

UNICODE

အလင်းရောင်သည် ထိုသူ့နောက်သို့ လိုက်နေသည့်အလားပင်။ ဒီအတိုင်းလေး မတ်တပ်ရပ်နေလျှင်တောင်မှ လူတွေပုံအောအပ်လိုက်ချင်ဖွယ်ရာ ပုံရိပ်ဖြစ်သည်။ လူငယ်သည် မည်သည့်မျိုးနွယ်၏ အကြိုက်နှင့်မဆို အတော်ကို ချောမောလေသည်။

သူ၏ မျက်ခုံးများမှာ လှသည်။ သူ၏ ရှည်လျားသော မျက်တောင်များမှာ မျက်လုံးအောက်အရိပ်ဖြာကျနေပြီး နှုတ်ခမ်းများ ခပ်ဖွဖွပြုံးနေပုံပေါ်လေသည်။ သူ၏ ဖြူဖွေးသောအသားရည်နှင့် ရှည်သွယ်သွယ်ကိုယ်ဟန်က အမြင်ပိုတင့်စေပြီး လိင်အမျိုးစားကိုကျော်လွန်ကာ အိုင်ဗီမျက်လုံးရှေ့ရှိ ဆံပင်အနက်နှင့် လူငယ်လေးသည် အလှအပ၏ အထွတ်ထိပ်ပင်ဖြစ်လေသည်။

အသံရုတ်တရက် တန့်သွားခြင်းနှင့်အတူ အိုင်ဗီ့နှုတ်ခမ်းပေါ်ရှိ လှောင်ပြုံးသည်လည်း ပျောက်သွားတော့သည်။ သူ့နှုတ်ခမ်းထောင့်မှာ ခဏတာ ဖြောင့်တန်းသွားပြီးနောက် လူငယ်လေး၏ နောက်တွင်အတူပါလာသော ငွေရောင်ဆံပင်နှင့် နတ်သားကို မြင်မိလိုက်သောအခါ အမြန်ပင် မူရင်းအ​ခြေအနေသို့ ပြန်ရောက်သွားသည်။

သူ အခုစကားပြောနေတုန်းတန်းလန်းရပ်သွားသည်ဟူသည့် အချက်မှလွဲ၍ သူ့အမူအရာမှာခံစားချက်တစ်စုံတစ်ရာ ပြောင်းလဲသွားသည်ကို ဖမ်းမိရန် ခက်ခဲလှပေသည်။

ကျန်းစီ အရှေ့သို့ တိုးလာရင်း အိုင်ဗီ၏ သိသာလှသော မျက်မှောင်ကိုတွေ့လိုက်ရသည်။ ငြင်းဆန်နေသည်မှာ သိသာလှသောကြောင့် ကျန်းစီ သဘောပေါက်သွားရင်း ​ခြေလှမ်းများကို ရပ်လိုက်သည်။

အရိပ်မျိုးနွယ်၏ အုပ်ချုပ်သူမှာ သူ့အပေါ် စိတ်သဘောထား မကြည်လင်ပုံရသည်။

ကျန်းစီ၏ အတွေးများကို အတည်ပြုသည့်အလား အိုင်ဗီက သူ့တို့ထံမှ အာရုံကိုနည်းနည်းဖယ်လိုက်ပြီး မျက်နှာဖုံးမအုပ်ထားသည့် သူ့မျက်နှာတစ်ခြမ်းမှာ နန်းဆန်ပြီး အေးစက်နေသည်။ "ပုံရိပ်မြို့တော်ဆီ နတ်တွေကို ခေါ်လာလို့ရတယ်လို့ မင်းကို ဘယ်သူပြောလဲ။ "

သူတို့၏ ဖန်ဆင်းရှင်Wo Geschichten leben. Entdecke jetzt