အပိုင်း {၇}(Z+U)

317 73 0
                                    

အပိုင်း ခုနစ် - နတ်ဘုရားအဖြစ် ခုနစ်ရက်မြောက်နေ့

UNICODE

နည်းနည်းခေါင်းမာသည့်လေသံပေါက်သွားသည့်အပြင် အိုင်ဗီ၏ မျက်နှာတစ်ခြမ်းမှာ အသင့်ပြင်ထားပြီး အတော်လေး ထိခိုက်လွယ်နေသည့်အလား အနည်းငယ် စိုးရိမ်ပူပန်နေပုံပေါ်လေသည်။ မေးခွန်းကို မေးလာသည့်သူမှာ အန္တရာယ်မှ ထွက်ပြေးတော့မည့် အမွှေးပွတိရစ္ဆာန်တစ်ကောင်အလား သေချာပေါက် သတိကြီးကြီးထားနေလေသည်။

ကျန်းစီ မေးခွန်းကို ကြားလိုက်သောအခါ မျက်တောင်ခတ်လိုက်ပြီးနောက် သေချာကြောင်း ပြန်ပြောလိုက်သည်။ "သေချာတာပေါ့။"

ကျန်းစီ မလိမ်ပြောလိုက်။ သူ့လေသံမှာ အလိမ်ဖော်သည့်စက်များကို ကျော်ဖြတ်နိုင်လောက်အောင် အတည်ပေါက်ဖြစ်သည်ဟုပင် တွေးလိုက်မိသည်။

သို့သော် အိုင်ဗီမှာ သူပြောတာကို မယုံသည့်အလား မျက်ခုံးများကြုတ်သွားပြန်ပြီး အမူအရာမှာ အေးစက်လာကာ တုံ့ပြန်လေသည်။

ကျန်းစီမှာ သူ့စကားကို ထပ်ပြီးပြောလိုက်ရသည်။ "သေချာပေါက် ငါ မင်းကို ဂရုစိုက်တာပေါ့။"

အိုင်ဗီမှာ ဆက်ပြီး တိတ်နေသည်။

တစ်ဖက်လူ၏ တုံ့ပြန်မှုကို တွေ့သောအခါ ကျန်းစီ စဥ်းစားကြည့်လိုက်ပြီး ဆက်ပြီးဖိအားမပေးရန် ဆုံးဖြတ်လိုက်သည်။ ယုံကြည်မှုကို တည်ဆောက်ရန်မှာ ရှည်ကြာပြီး ပြောဆိုလိုက်ရုံနှင့် ယုံကြည်မှုမရနိုင်ခြင်းကို သူသိသည်။ သို့သော် ကျန်းစီက ဘာမှမပြော​တော့သည့်အခါ အိုင်ဗီလည်း အချိန်အတော်ကြာ တိတ်မနေတော့။ ကျန်းစီဖက်သို့ လှည့်လာပြီး မေးသည်။ "ပုံရိပ်မှာ ဘယ်လောက်ကြာအောင်နေမှာလဲ။"

တစ်ဖက်လူ၏ စကားများထဲတွင် သွယ်ဝိုက်၍ ပြောနေသည့် အဓိပ္ပါယ်များရှိနေလေသလားဟု ကျန်းစီ တွေးလိုက်မိသည်။

"ဒီမှာ ဓာတ်ဝတ္ထုတွေ ပြန်တည်ငြိမ်သွားတဲ့အထိနဲ့ မြို့သူမြို့သားတွေ ပိုပြီးအခြေအနေကောင်းလာတဲ့အထိတော့ စောင့်သင့်တယ်လေ။" ကျန်းစီက ပြန်ဖြေသည်။ "ငါ့ကို စောစောပြန်စေချင်လို့လား။"

သူတို့၏ ဖန်ဆင်းရှင်Where stories live. Discover now