⚠️Part 29 ⚠️

925 38 6
                                    

(Unicode)

ရှိုင်းကားကို အရှိန်ပြင်းပြင်းနဲ့မောင်းပြီး
သူနေတဲ့ Condo တိုက်ရှေ့မှာရပ်လိုက်တယ်
ရှိုင်း ဒေါသမပြေသေး တစ်ခုခုကို ထိုးကြိတ်ချင်နေသေးတယ်
ရှိုင်းလက်သီးကိုကျစ်ကျစ်ပါအောင်အုပ်ပြီး
တနေရာရာကို ၀င်တိုက်ပစ်ဖို့ စဉ်းစားနေတယ်
ရှိုင်းဟာ ဒေါသထွက်ပြီဆိုရင် သူအသားနာတာတို့
သွေးထွက်တာတို့ ဖြစ်မှ ဒေါသပြေတဲ့လူပါ

ရှိုင်းခန့်အောင် : " ချီးပဲ Fuckkk...."

ရှိုင်း ကားပြန်စက်နှိုးဖို့လုပ်ပြီး ရှေ့က‌တွေ့ကရာကို ၀င်တိုက်ဖို့လုပ်တဲ့အချိန်မှာ

ရွှန်း၀တ်ရည် : " ရှိုင်း? "

ရွှန်း ရှိုင်း အပြုအမူတွေကြောင့်လန့်လာပြီး
ရှိုင်းလက်ကိုကိုင်လိုက်တယ်

ရှိုင်း ရွှန်းအသံကြားမှ ဘေးနားမှာ ရွှန်းပါလာတာ သတိရသွားတော့တယ်
ရွှန်းမျက်နှာမှာ ကြောက်ရွံမှုတွေ စိုးရိမ်မှုတွေအထင်းသားပေါ်နေတယ်
သူတို့နှစ်ယောက်ကားပေါ်မှာ ခဏငြိမ်ကျသွားတယ်

ရှိုင်းခန့်အောင် : " မ လန့်သွားလား "

ရှိုင်းခေါင်းငိုက်စိုက်ကျပြီး မေးလိုက်တယ်

လန့်တာပေါ့ ‌$ကလေးလေးရဲ့
ဟိုက တရားပြန်စွဲရင် ဘယ်လိုလုပ်မလဲ
ဒေါသကလည်း ကြီးလိုက်တာ မပြောနဲ့
ငါ့မှာ ဟိုလူတွေ Mallထဲကနေ မဆင်းလာဖို့ ဘုရား‌တနေရတယ်

ရွှန်း၀တ်ရည် : " န...နည်း..နည်းတော့လန့်တယ် "

ရှိုင်းခန့်အောင် : " ရှိုင်း အခုလို အပြုအမူတွေကြောင့် ရှိုင်းကို လန့်ပြီး ဖြတ်ပစ်တော့မှာလား "

ရွှန်း၀တ်ရည် : " အာ...မဟုတ်တာ...ဘာလို့ဖြတ်ရမှာလဲ ရှိုင်းဒေါသစိတ်ကိုပဲလန့်တာ ရှိုင်းကိုလန့်တာမဟုတ်ဖူး မ တို့ အဲ့ဒေါသစိတ်ကိုပြုပြင်လို့ရတယ် ဟေမာန်လည်း ငယ်ငယ်တုန်းက အဲ့တိုင်းပဲ ဒေါသတအားကြီးတာ "

ရွှန်းဆီက မထင်မှတ်ထားတဲ့အပြုအမူတွေ‌ အပြောအဆိုတွေက
ရှိုင်းရင်ကိုခုန်လာစေတယ်

ရွှန်း၀တ်ရည် : " အခုဆို ဟေမာန် ရေခဲတုံးကျနေတာပဲ ဒေါသလည်း နဂိုကလောက် သိပ်မကြီးတော့ဖူး အဆင်ပြေ...."

Hay Man's PaingWhere stories live. Discover now