Episode 18

19.2K 520 212
                                    


" အခုဖြစ်နေတဲ့ကိစ္စတွေကြောင့်
ကျွန်တော်တို့ brand ရဲ့
ambassador အဖြစ်ကနေ
ကိုရဲခေါင်သွေးကိုထုတ်လိုက်ပါရစေ"

ငြင်းပယ်ခံရတဲ့ခံစားချက်က သိပ်ဆိုးလှသည်
ဆက်တိုက်အငြင်းဆန်ခံရတာတွေများလာတော့လည်း
လူကထုံပေလာပြီမို့
ပြုံးရုံသာပြုံးမိတော့သည်။

" အကိုနားလည်ပါတယ် ဒါပေမဲ့..."

စောဒကတက်ဖို့ပထမဆုံးအကြိမ်ကြိုးစားလိုက်ပေမဲ့သူနောင်တရမိတော့သည်။

" Sorry ပါအကို ကျွန်တော်တို့နောက် meeting လေးတွေရှိတာမို့ zoom meeting လေးကိုဒီနေရာမှာတင်အဆုံးသတ်ပါရစေ"

တစ်ဖက်မှ meeting ကို disconnect လုပ်သွားတာမို့ စိတ်ရှုပ်ထွေးစွာ သက်ပြင်းချလိုက်တော့သည်။

အချိန်က ည ၁၀:၀၀

Cigarette တချို့ကိုဖွာရင်း ဝရံတာမှာငြိမ်သက်နေခိုက် တစ်စုံတစ်ရာသောနွေးထွေးမှုလေးကြောင့်
ရင်ခုန်သံတွေဝုန်းဒုန်းကြဲသွားရတော့သည်

" Da Da ...
ခလေးတောင်းပန်ပါတယ်"

လက်သေးသေးလေးတွေကသူ့ကိုထွေးပွေ့ထားပုံက ကလေးငယ်လေးတစ်ယောက်ကသူသိပ်မြတ်နိုးရသည့်အရုပ်တစ်ခုကိုဖက်ထားသည့်ပုံပင်

" ခလေးကြောင့်အများကြီးသည်းခံခဲ့ရမှာပဲ"

ပါးစပ်ကပြောရင်း ငိုချလိုက်တဲ့ ထိုကလေးလေးကြောင့် သူ့နလုံးသားဟာအလိုအလျောက်နွေးထွေးသွားရတော့သည်။

" ခလေးကလည်း ဘာလို့ငိုနေတာလဲ "

" Da Da ကိုသနားလို့... အီး....ဟီး"

တက်မတက်ချက်မတက် ထငိုသော
ထိုကလေးငယ်ကို ရဲခေါင်သွးဟာ
ရယ်ရင်းပင်ကြည့်နေခဲ့သည်။

ကြည့်ရတာ သူ Brand Ambassador အဖြုတ်ခံရတာတွေ Social Media မှာရစရာမရှိအောင်အဆဲခံရသည်ကိုခလေးဟာအခုမှမြင်သွားဟန်တူသည်။

" သနားတယ်ဆို အာဘွားပေး"

ငိုနေတဲ့ချာတိတ်မလေးအရပ်မှီအောင်ခန္ဓာကိုယ်ကိုကိုင်းညွတ်လိုက်တော့

Daddy Aesthetic​  (Daddyဗေဒ)Where stories live. Discover now